October 18, 2024

၂၅. ၈. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းတွင် ဆန်ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရန် ပြည်ပဆန်စပါးတင်ပို့ခြင်းများကို ယာယီကန့်သတ်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံက ပြည်ပနိုင်ငံများသို့ ဆန်စပါးတင်ပို့မှုများ ကန့်သတ်လိုက်ပြီးနောက်မကြာမီ မြန်မာနိုင်ငံကလည်း ပြည်ပနိုင်ငံသို့ ဆန်တင်ပို့နေခြင်းများကို ယာယီကန့်သတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပကို ဆန်တင်ပို့နေတာတွေကို ဒီလအကုန်ကနေပြီး ၄၅ ရက်ကြာ ယာယီကန့်သတ်သွားမှာပါ”ဟု MRF တာဝန်ရှိသူတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is 369909829_167572406360242_6360375363306946299_n.jpg

မြန်မာနိုင်ငံသည် ကမ္ဘာနိုင်ငံများထဲတွင် ပြည်ပနိုင်ငံများသို့ ဆန်စပါးတင်ပို့မှု အများဆုံးပြုလုပ်နေသော ပဉ္စမမြောက်နိုင်ငံဖြစ်ပြီး တစ်နှစ်ကို ဆန်တန်ချိန် ၂ သန်း တင်ပို့နေကြောင်း အမေရိကန် စိုက်ပျိုရေးဌာန၏ အချက်လက်များအရသိရသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သောလတွင် ပြည်ပနိုင်ငံများသို့ ဆန်ဖြူတင်ပို့မှုများပိတ်ပင်လိုက်ရာ ကမ္ဘာဆန်စပါးဈေးကွက်အတွင်း ဆန်တင်ပို့မှုများကျဆင်းခဲ့ရပြီး ဆန်တန်ချိန် ၉ ဒသမ ၁ သန်း မက်ထရစ်တန်ချိန်လျောနည်းခဲ့ရကြောင်းသိရသည်။အိန္ဒိယနိုင်ငံမွန်ဘိုင်းအခြေစိုက် ဆန်စပါးရောင်းဝယ်တင်ပို့နေသူတစ်ဦးက “မြန်မာနိုင်ငံဟာ အိန္ဒိယ ဒါမှမဟုတ် ထိုင်းနိုင်ငံလိုမျိုး ကမ္ဘာဆန်ဈေးကွက်မှာ အဓိကတင်ပို့နေတဲ့ နိုင်ငံတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာဆန်ဈေးကွက်မှာ ထောက်ပံ့ပေးမှုတွေ အခက်အခဲရှိနေချိန်မှာ မြန်မာနိုင်ငံက ပြည်ပဆန်တင်ပို့မှုကန့်သတ်ဖို့ လုပ်ဆောင်ခဲ့တာမျိုးဖြစ်ပါတယ်။ ဒါဟာ ဆန် ဝယ်ယူနေသူတွေကို စိုးရိမ်မှုတွေ တိုးမြှင့်စေဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။

အိန္ဒိယနိုင်ငံက ပြည်ပသို့ဆန်တင်ပို့မှုများ ပိတ်ပင်ကန့်သတ်လိုက်ပြီးနောက် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အပါအဝင် ကမ္ဘာဆန်တင်ပို့မှုအများဆုံး ပြုလုပ်နေသည့် နိုင်ငံများသည် ဆန်ဈေးနှုန်းကို တိုးမြှင့်ခဲ့ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံသည် အာရှနိုင်ငံများထဲတွင် ဆန်များကို ပြည်ပသို့ အများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်သည်။ ဗီယက်နမ်နိုင်ငံက ဆန်ကွဲတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၅၀-၆၆၀ နှုန်းဖြင့်တင်ပို့နေသလို ထိုင်းနိုင်ငံကလည်း ဆန်ကွဲတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၃၀ နှုန်းဖြင့်တင်ပို့နေသည်။ အယ်နီညိုဝင်ရောက်မှုများကြောင့် ရာသီဥတုခြောက်သွေ့ပြီး စိုက်ပျိုးထုတ်လုပ်မှုများ လျော့နည်းဖွယ်ရှိနေသောကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် ကမ္ဘာ့ဆန်တင်သွင်းမှုများလုပ်ဆောင်နေသည့် နိုင်ငံများက ဆန်ဝယ်ယူမှုများကို တိုးမြှင့်ဝယ်ယူရန် အရှိန်မြှင့်လုပ်ဆောင်လာကြောင်း သိရသည်။

Ref- — Reuters

Leave a Reply

Your email address will not be published. Required fields are marked *