October 19, 2024

၂၆. ၈. ၂၀၂၃
Photo and Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ ပြုလုပ်ရာ ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အပါအဝင် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-26_12-47-56-1-1024x768.jpg

အဆိုပါ အခမ်းအနားကို ကရင်တိုင်းရင်းသားများစွာအပြင် အခြားတိုင်းရင်းသားများလည်း တက်ရောက်ကာ ချည်ဖြူဖွဲ့ ခံခဲ့ကြကြောင်း တွေ့မြင်ရကာ အခမ်းအနားတွင် ကရင်တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း တွေ့မြင်ရသည်။

This image has an empty alt attribute; its file name is photo_2023-08-26_13-45-02-1024x768.jpg

ဝါခေါင်လ ရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ဝတ္တရားမပျက် ချည်ဖြူဖွဲ့ကြကာ တစ်ရွာလုံး တစ်နယ်လုံး အတိုင်းအတာဖြင့်လည်း စုပေါင်းကာ ချည်ဖြူဖွဲ့ကြပြီး ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်ဆုံတွေ့ရေး၊ မိသားစုများ ပြန်လည် စုစည်းရေး၊ လူငယ်လူရွယ်များကို လူကြီးများက ဆုံးမစကား ပြောရန်ရှိပါက အဆိုပါ နေ့တွင် ပြောနိုင်ရေး စသည်ဖြင့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *