October 18, 2024

၂၆. ၈. ၂၀၂၃
Written by Pan Ei

ဘရာဇီးလ်နိုင်ငံ၊ Rio Grande do Sul ပြည်နယ်က လှပလွန်းတဲ့ Cascata da Sepultura ရေတံခွန်ဘေး မြေပြင်အထက် ၂၉၅ ပေမှာ ကြိုးနဲ့တွဲလောင်းချထားတဲ့ သစ်သားစားပွဲတစ်ခုပေါ် ပျော်ပွဲစားထွက်တဲ့ အရသာခံစားပြီး ရင်ခုန်စိတ်လှုပ်ရှားလိုသူတွေအတွက် အမေရိကန်ဒေါ်လာ ၄၅၀ (မြန်မာငွေနဲ့ဆို ၁၄ သိန်းနီးပါး) ကုန်ကျမယ့် အစီအစဉ်ကို ဘရာဇီးကုမ္ပဏီ Rota Aventura ပေးဆောင်နေပြီပဲ ဖြစ်ပါတယ်။

ဘရာဇီးမှာ ခုလို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပျော်ပွဲစားအစီအစဉ်ကို အမေရိကန်ကစုံတွဲတစ်တွဲဖြစ်တဲ့ Christianna Hurt နဲ့ သူမချစ်သူ ရက်ပ်ပါ ‘OnPointLikeOp’ တို့ဟာ သွားရောက်လည်ပတ်ခဲ့ပုံ ဗီဒီယိုကို မကြာသေးမီက ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့ရာမှာတော့ အဲ့ဒီနေရာဟာ အင်တာနက်ပေါ်မှာ ပိုပြီးတော့ ပျံ့နှံ့သွားခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-08-26_11-06-35.jpg

သူမနဲ့ သူမရဲ့ချစ်သူဟာ ရေတံခွန်အစွန်အဖျားမှာ တည်ဆောက်ထားတဲ့ Zip Line စင်နားအထိရောက်အောင် မြစ်ကိုဖြတ်ပြီး လမ်းမလျှောက်ရခင် ဝိုင်ထုတ်လုပ်တဲ့ မြို့လို့လူသိများတဲ့ Caxias do Sul မြို့ကနေ တစ်နာရီလောက် ကားမောင်းသွားခဲ့ရပြီး ရေတံခွန်ဆီရောက်အောင် လေးဘီးမောင်းကားလည်းမောင်းခဲ့ရတယ်လို့ သိရပါတယ်။

မြေပြင်အထက် ၂၉၅ ပေမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံရယူမယ့်သူ နှစ်ဦးဟာ ဦးစွာ ဘေးကင်းရေးကြိုးတွေ ခန္ဓာကိုယ်မှာတပ်ကာ ခိုင်ခံ့တဲ့ Zip Line နဲ့ လုံခြုံတဲ့ ပျော်ပွဲစား စားပွဲတစ်ခုပေါ်မှာ ထိုင်နေရမှာဖြစ်ပြီး အဲ့ဒီနောက် သူတို့ရေတံခွန်အနားရောက်သွားတဲ့ အခါမှာတော့ စားပွဲပေါ်ကို ထုတ်ပိုးလာခဲ့တဲ့ သစ်သီးတွေ၊ ဒိန်ခဲ၊ ကိတ်မုန့်တွေနဲ့ အသားညှပ်ပေါင်မုန့်တွေကို ချခင်းပြီး ဝိုင်နဲ့အတူ သဘာဝရှုခင်းအလှနဲ့ ရေတံခွန်ကကျတဲ့ ရေသံတွေကိုနားဆင်ရင်း ပျော်ပွဲစားထွက်တဲ့ ခံစားချက်ကို ရရှိနိုင်မှာပါ။

This image has an empty alt attribute; its file name is photo_2023-08-26_11-06-35-3.jpg

အဲ့ဒီအတွေ့အကြုံအခိုက်အတန့်က ၁၅ မိနစ်စာပဲကြာမြင့်မှာဖြစ်ပြီး တစ်ဘဝလုံးစာ အမှတ်ရနေနိုင်မှာဖြစ်သလို “ဒီအတွေ့အကြုံက အစားအသောက်အတွက် မဟုတ်ဘဲ ရှုခင်းအတွက်ပါပဲ”လို့ သွားရောက်လည်ပတ်ခဲ့တဲ့ Christianna Hurt က ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၄၅၀ ကုန်ကျမယ့် အဲဒီအစီအစဉ်မှာ ဓာတ်ပုံရိုက်ကူးပေးတာတွေနဲ့ ဒရုန်းနဲ့ရိုက်ပေးတဲ့ မှတ်တမ်းဗီဒီယိုတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အဲ့ဒါက မြေပြင်ကနေ မြင့်မားလွန်းပြီး ရေတံခွန်ဘေးမှာ ပျော်ပွဲစားထွက်ဖို့အတွက် မယုံနိုင်လောက်စရာ တည်နေရာဖြစ်နေတဲ့အပြင် အရမ်းမြင့်တဲ့နေရာမှာ ပျော်ပွဲစားထွက်ဖို့ကတော့ ထိတ်လန့်မိမှာပဲလို့ ထောင်နဲ့ချီတဲ့လူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *