MT News
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် နိုဝင်ဘာ ၃ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၄၀ ခန့် မီးလောင်ကျွမ်း ဆုံးရှုံးသွားခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနအား ပြောကြားသည်။
” ညနေ ၅ နာရီလောက်က စ လောင်တာပါ။ ၆ နာရီလောက်မှာ မီးထိန်းနိုင်ပြီး ၆ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ လောက်နဲ့ အရံတပ်ဖွဲ့ဝင် ၂၅၀ လောက် ဝိုင်းပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းငြှိမ်းပေးလို့ အခုလိုမြန်မြန်မီးငြိမ်းနိုင်တာပါ။ စိတ်မကောင်းစရာကတော့ အိမ်ခြေ ၄၀ လောက် မီးထဲပါသွားတာ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၈၆၈)၊ ကံရွာ(ဒေသအခေါ်)တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၆ နာရီတွင် မီးညွန့်ကိုထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ၎င်းမီးလောင်ကျွမ်းမှုတွင် အိမ်ခြေ ၄၀ ခန့် မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်ရသည့်အကြောင်းရင်းကို တာဝန်ရှိသူများ စိစစ်လျက်ရှိကြောင်းနှင့် လူထိခိုက်မှုရှိ မရှိကို မသိရှိရသေးကြောင်း သိရသည်။