October 18, 2024

၂၆. ၈. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် လီလီကျော်ခိုင်ဟာ လက်ပါတဲ့ ယောက်ျားနဲ့ဆုံခဲ့လို့ ဆေးရုံအထိ ရောက်ခဲ့ဖူးတယ်လို့ ဖွင့်ဟလာပါတယ်။

“သမီးရည်းစား အချင်းချင်း လက်ပါတာတော့ မကောင်းဘူးလေ။ လီလီကိုယ်တိုင် ကိုယ့်ကိုလက်ပါတဲ့ အမျိုးသားတွေနဲ့ ဆုံဖူးပါတယ်။ အဓိက Relationship တစ်ခုမှာ ယောက်ျားနဲ့ မိန်းမ‌က စကားပြောဖို့လိုတယ်။ ကိုယ့် Partner ကို ငါတော့ ဒါကိုမကြိုက်ဘူးနော်။ လက်ပါတဲ့ အမျိုးသားဆိုရင် First Time မှာ ခွင့်လွှတ်မှာလား။ Second Time မှာပါ ကိုယ် ခွင့်လွှတ်မှာလားဆိုတာ ကိုယ့်ရဲ့ Limit ရှိတယ်။ လက်ပါရင် နင်နဲ့မဖြစ်တော့လို့ စချစ်ကတည်းက ပြောထားဖို့လိုတယ်။ အမျိုးသားတွေ လက်ပါသလို တချို့ အမျိုးသမီးတွေ လက်ပါတာလည်း ရှိပါတယ်။ လူလူချင်း နားလည်ဖို့ အရေးကြီးတယ်။ စကားအရဖြေရှင်းတာကြိုက်တယ်။ ကိုယ်တို့ နှစ်ယောက်ရဲ့ Relationship အပေါ်မှာမူတည်တယ်။ တချို့က နှစ်ဦးစလုံးလက်ပါကြပေမယ့် အချိန်တန်ရင် ပြန်ချစ်သွားကြတာလည်း ရှိနေတော့လေ။ အဓိက ကိုယ့်ရဲ့ Right ပေါ်မှာမူတည်တယ်”လို့ လီလီကျော်ခိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-26_10-48-13-683x1024.jpg

သူမက လက်ရှိ Product ဖက်ရှင်ရှိုးတစ်ချို့ လျှောက်ဖြစ်နေသလို ဇာတ်လမ်းတွဲတွေကိုလည်း ဆက်တိုက် ရိုက်ကူးနေလျှက်ရှိပါတယ်။ ကိုယ်ပိုင် စီးပွားရေးတွေကိုလည်း ဦးဆောင် လုပ်ကိုင်နေလျှက်ရှိပါတယ်။

“လီလီလည်း လက်ပါတဲ့ Partner နဲ့ ကြုံခဲ့ဖူးတယ်။ ညှိယူတယ်။ ကိုယ်က ဘယ် လောက်သန်မာတယ်ပြောပြော အမျိုးသမီးလေ။ အဲ့ဒီလိုကြုံတော့ လန့်သွားတယ်။ ကိုယ့်ဘေးမှာ အားကိုးရမယ့်သူလည်း မရှိဘူးလေ။ ပြီးတော့ ယောကျာ်းအားနဲ့ မိန်းမအားဆိုတာ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ မိန်းမဆိုတော့ ရန်ဖြစ်ရင် ပထမဆုံးငိုတယ်။ ချစ်တော့လည်း ညှိယူပြီး အဆင်ပြေသွားတာတွေရှိတယ်။ လက်ပါတဲ့ သူနဲ့ဆုံဖူးလို့ ဆေးရုံအထိပါရောက်သွားတာ။ ဆေးရုံလည်းရောက်ရော သူကျွန်မကို လက်သီးနဲ့ထိုးတယ်ဆိုပြီး ပြောလို့ မကုပေးဘူးဆိုပြီး ဖြစ်ခဲ့တယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *