October 18, 2024

၂၆. ၈. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့က ဆောက်လက်စတိုက်အတွင်းရှိ ရေလှောင်ကန်အတွင်း ပန်းရံအလုပ် သမား ၃ ဦး မျက်နှာကြတ်သစ်သားပြားများခွာယူရန် ဆင်းသက်စဥ် အောက်ဆီဂျင် ပြတ်တောက်ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဆေးကုသမှုခံယူနေရကြောင်း ဧရာမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-26_10-41-49-2.jpg

ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ် ၂၅ ရက်) မနက် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၃(A)လမ်းနှင့် ၁၀၂ လမ်းထောင့်၊ မ-၉/၃၂၊ အသက် ၃၁ နှစ်အရွယ် အိမ်ပိုင်ရှင်အမျိုးသားတစ်ဦးပိုင်ဆိုင်သော ဆောက်လက်စတိုက်တွင် ပန်းရံအဖြစ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၃ ဦးတို့မှာ ဆောက်လက်စတိုက်အတွင်းရှိ ရေလှောင်ကန်အတွင်း မျက်နှာကြတ်သစ်သားပြားများခွာယူရန် ဆင်းသက်စဥ် အောက်ဆီဂျင်ပြတ်တောက် လဲကျခဲ့၍ ဧရာမေတ္တာလူမှုကူညီရေးအသင်းယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးကုသမှုခံယူစဥ် အမျိုးသားတစ်ဦးမှာမူ သေဆုံးသွားခဲ့သဖြင့် PR – (22/2023)ဖြင့်စစ်ဆေးလျက်ရှိပြီး ကျန် ၂ ဦးအား ပြင်ပလူနာဌာနတွင် ဆေးဝါးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အိမ်ပိုင်ရှင်အား အမှုရေးဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *