October 22, 2024

ဓာတ်ပုံ- ဆေးတက္ကသိုလ် (၁) ရန်ကုန်

MT News

Written by Hey Mar

၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများမှ ဆေးတက္ကသိုလ် (၁) သို့ ဝင်ခွင့်​ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ၁၄၂၁ ဦးအနက် ၃၄၅ ဦးသာ ဝင်ရောက်ခွင့် ရရှိကြောင်း သိရသည်။

တက္ကသိုလ် ဝင်ခွင့်ကို ဇီဝ​ဒေ၊ အင်္ဂလိပ်၊ ဓာတု ၃ ဘာသာ ရမှတ်ပေါင်း ၂၄၆ မှတ် အနိမ့်ဆုံးထား၍ ခေါ်ဆိုခဲ့ကာ အမြင့်ဆုံး ရမှတ်ဖြင့် ဝင်ရောက်ခွင့်ရသူ၏ ၃ဘာသာ အမှတ်ပေါင်းမှာ ၂၇၉ မှတ်ဖြစ်သည်။

ယခုနှစ်မှစတင်၍ ဆေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူ ခေါ်ယူမှုကို စနစ်သစ်ဖြင့် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ ယခင်က ၁၉၄၆ခုနှစ်မှ စတင်ပြီး ၂၀၂၀ ပြည့်နှစ်အထိ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို တက္ကသိုလ်ဝင်စာမေးပွဲမှ သိပ္ပံဘာသာတွဲ (အတွဲ ၇ )ဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ၏ ဘာသာစုံရမှတ်ကို အခြေခံပြီး အမှတ်အများဆုံးရသူများကို ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *