October 19, 2024

၂၅. ၈. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ မြဝတီမြို့ရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ၊ ရာဇဝတ်မှုများကျူးလွန်နေသော ဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားဒေါက်တာ Zhang ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး မကြာမီတွင် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း ၎င်း၏ညီဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒေါက်တာ Zhang ၏ညီဖြစ်သူက ” လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့အကိုဖြစ်သူဟာ မြန်မာလူကုန်ကူးဂိုဏ်းများလက်ထဲကနေ ပြန်လွတ်မြောက်လာပါတယ်။ ကျွန်တော့်အကိုဖြစ်သူကို WeChat ကတစ်ဆင့်ဆက်သွယ်ခဲ့ပြီး ရုပ်သံဗွီဒီယိုင်နဲ့ စကားပြောဆိုခဲ့တယ်။ ဒဏ်ရာရတာမျိုးမရှိပါဘူး။ ထိုင်းနိုင်ငံကိုရောက်ရှိနေပြီး မကြာမီ တရုတ်နိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်”ဟု ပြောသည်။

Chinese Academy of Sciences မှဒေါက်တာ Zhang အမည်ရှိ တရုတ်နိုင်ငံသားသည် အကြွေးများရှိနေသည့် အတွက် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်ခဲ့ပြီး မြန်မာလူကုန်ကူးဂိုဏ်းများ၏ လိမ်လည်ခေါ်ယူခြင်းကိုခံရပြီးနောက် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲသို့ ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက်နေ့တွင် ရောက်ရှိသွားခဲ့ကြောင်း ၎င်း၏ချစ်သူဖြစ်သူက ပြီးခဲ့သောသီတင်းပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-08-25_16-04-45-2.jpg

Zhang ၏ချစ်သူ ထုတ်ဖော်ပြောဆိုချက်များကို တရုတ်သတင်းဌာနများ ဖော်ပြခဲ့ပြီးနောက် စိတ်ဝင်စားမှုမြင့်တက်ခဲ့ရာ တရုတ်သတင်းဌာနတစ်ခုက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကို ပြီးခဲ့သောရက်ပိုင်းတွင် အီးမေးလ်မှတဆင့် ဆက်သွယ်မေးမြန်းခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ” သံရုံးအနေနဲ့ Chinese Academy of Sciences ရဲ့ ဒေါက်တာ Mr. Zhang ဆိုသူ မြဝတီမြို့မှာ ပိတ်မိနေတာနဲ့ပတ်သက်ပြီးအဓိကအရေးကြီးတဲ့လုပ်ငန်းအဖြစ် ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာသတင်းအချက်လက်များကို မြန်မာ နိုင်ငံနဲ့ ထိုင်းနိုင်ငံရှိတာဝန်ရှိသူများထံ ပြန်လည်ပေးပို့နိုင်ဖို့ Shandong ပြည်နယ်ရှိ သူရဲ့မိသားစုတွေကို ဆက်သွယ်ဆောင်ရွက်နေတယ်။ လက်ရှိအချိန်မှာ Mr. Zhang ဆိုသူကို ပြန်လည်ကယ်ထုတ်နိုင်ဖို့နဲ့ သတင်းအချက်အလက်များရယူနိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းရဲတပ်ဖွဲ့တွေကို တွန်းအားပေးနေပါတယ်”ဟု ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဒေါက်တာZhang သည် စင်ကာပူနိုင်ငံတွင် စကားပြန်အလုပ်လုပ်ရမည်ဟု မျှော်လင့်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် အွန်လိုင်းမှတစ်ဆင့်လိမ်လည်ရသောအလုပ်တွေကို တစ်ရက် ၁၈ နာရီ လုပ်ကိုင်နေရပြီးရိုက်နှက်ခံရမှုများအပြင် အခန်းထဲ ပိတ်လှောင်ခံရမှုများလည်း ရှိနေကြောင်း ၎င်း၏ချစ်သူက ပြန်လည်ပြောဆိုထားကြောင်းသိရသည်။

Ref- — Red Star News

Leave a Reply

Your email address will not be published. Required fields are marked *