October 19, 2024

၂၅. ၈. ၂၀၂၃

Written by Min Mahar

ရန်ကုန်မြို့မှ မြိတ်မြို့သို့ ထွက်ခွာလာသည့် “ရွှေပုလဲသီ” ခရီးသည်တင်(Express)မှန်လုံယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည် ၂ ဦး ဒဏ်ရာရရှိမှု ရေးမြို့နယ်တွင် ယမန်နေ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက် မနက် ၅ နာရီ ၁၅ မိနစ်ခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီးတွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ထွက်ခွာလာသည့် “ရွှေပုလဲသီ” ခရီးသည်တင်(Express)မှန်လုံယာဉ်အား KNU/PDF ပူးပေါင်းအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြာင့် ယာဉ်ပေါ်၌ လိုက်ပါလာသော ခရီးသည် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့တွင် မှန်စစိုက်ဝင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 369834644_167301289720687_6340090844271956226_n.jpg

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် မုန်လုံယာဉ်၏ဘယ်ဘက်မှန်မှာ ကျည်ထိမှန်ပျက်စီးခဲ့ပြီး လိုက်ပါလာသည့်ခရီးသည်များ ကျည်ထိမှန်မှုမရှိသော်လည်း ယာဥ်ပေါ်ပါခရီးသည်များအနက် သာယာဝတီမြို့နယ်၊ တောင်ပန်းဆွဲကျေးရွာတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာတွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတို့နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်ပေါ်တွင် ခရီးသည် အမျိုးသား ၂၀ ဦးနှင့် အမျိုး သမီး ၁၃ ဦး၊ စုစုပေါင်း ၃၃ ဦး လိုက်ပါလာပြီး အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ နယ်မြေရဲစခန်းတွင်လည်း အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *