October 19, 2024

၂၅. ၈. ၂၀၂၃
Written by Pan Ei

ဩစတြီးယားနိုင်ငံက တာဝန်ရှိသူတွေက တက်တူးတစ်ခုထိုးရင် နိုင်ငံတဝှမ်းက ဘတ်စ်ကား၊ ရထား စတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ တစ်နှစ်တာ အခမဲ့စီးနှင်းခွင့်ပေးမယ့် အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိမှာတော့ အဲ့ဒီအစီအစဉ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ တစ်နှစ်တာ အခမဲ့စီးနှင်းခွင့်ရဖို့ ထိုးရမယ့် တက်တူးကတော့ “Klimaticket” ဆိုတဲ့ စာလုံးဖြစ်ပြီး “Klimaticket” ကို အဓိပ္ပာယ်ပြန်ရင် Climate Ticket ဖြစ်ကာ Climate Ticket ဆိုတာကတော့ ပါရီသဘောတူညီချက်နဲ့အညီ ‌နိုင်ငံရဲ့ ရာသီဥတုဖောက်ပြန်မှုတွေကိုကာကွယ်ဖို့ ပြည်သူတွေရဲ့ ကိုယ်ပိုင်ယာဉ်အသုံးပြုမှုတွေကို ဖိအားပေးလျှော့ချဖို့ ရည်ရွယ်ထားတဲ့ ကမ့်ပိန်းတစ်ခုလည်း ဖြစ်ပါတယ်။

အခုအချိန်အထိ ကမ်းလှမ်းချက်ကို လက်ခံပြီး Klimaticket တက်တူးထိုးပြီး အခမဲ့လက်မှတ်နဲ့ လဲလှယ်ရယူခဲ့တဲ့သူ ခြောက်ဦးအထိ ရှိနေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အဲ့ဒီကမ့်ပိန်းဟာ အခုလက်ရှိမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို အစီအစဉ်မှာ ပါဝင်ဖို့ လှုံ့ဆော်ခဲ့တဲ့ နိုင်ငံရဲ့ ဝန်ကြီးတစ်ဦးလည်း ဝေဖန်ခံနေရပြီး တက်တူးထိုးတာက ထာဝရတည်မြဲနေနိုင်ပေမဲ့ အခမဲ့စီးနင်းတာက ဘာလို့ တစ်နှစ်တာပဲ ဖြစ်ရတာလဲဆိုပြီးတော့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *