October 19, 2024

၂၅. ၈. ၂၀၂၃

Written by Nay Aung

ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့သည် သြဂုတ် ၂၃ ရက်နေ့က Bang Pahan ပြည်နယ်နှင့် Pathum Thani ပြည်နယ်တို့ကိုချိတ်ဆက်ထားသော အမှတ် ၃၄၇ အမြန်လမ်းတွင် ဖခင်ဖြစ်သူထံမှကားကို ခိုးယူလာသော ထိုင်းနိုင်ငံသားတစ်ဦးနှင့်အတူ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းထုတ်ပြန်လိုက်သည်။

ISUZU MU-X အမျိုးအစားကားသည် အမြန်လမ်းတွင်မောင်းနှင်နေချိန်အတွင်း ပုံမှန်ထက် အလေးချိန်ပိုနေသည့်ကိုသတိထားမိသည့်အတွက် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ပေးမှုမရှိသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ရသည်။ မီးခိုးရောင်ရှိသော ထိုကားကို ဖမ်းမိပြီးနောက် ကားထဲကို စစ်ဆေးခဲ့ရာအသက် ၁၆ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားလူငယ်တစ်ဦးနှင့်အတူ တရားဝင်အထောက်အထားများမရှိသည့် မြန်မာနိုင်ငံသား ၁၄ ဦးကို တွေ့ရှိဖမ်းဆီးမိခဲ့သည်။

This image has an empty alt attribute; its file name is 369971814_167317363052413_6994019297696037611_n.jpg

အဆိုပါ မြန်မာနိုင်ငံသား ၁၄ ဦးသည် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံကို ဖြတ်သန်းစီးဆင်းနေသော သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။ မဲဆောက်မြို့သို့ရောက်ရှိလာခဲ့ပြီးနောက် ပွဲစားဆိုသူသည် ကားငှားရမ်းပေးသည့်အပြင် အလုပ်ကိုင်ရှာဖွေပေးခဲ့ကြောင်း၊ ပွဲစားဖြစ်သူကို တစ်ဦးအတွက် ဘတ် ၃၀၀၀၀ ပေးချေခဲ့ရခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကပြောသည်။

ထို့အပြင် အသက် ၁၆နှစ်အရွယ်ရှိ ထိုင်းလူငယ်က ၎င်းသည် တက်ခ်ပြည်နယ် Chiang Khong ဒေသတွင် နေထိုင်သူဖြစ်ပြီး မြန်မာနိုင်ငံသားများကို အယုဒ္ဓယမြို့သို့ ထိုင်းဘတ် ၁၅၀၀၀ ဖြင့် ပို့ဆောင်ပေးရန် ကားအငှားလိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများကို ပို့ဆောင်မောင်းနှင်ပေးရန်အတွက် ဖခင်ဖြစ်သူ၏ကားကို ခိုးယူမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

This image has an empty alt attribute; its file name is 370185539_167317399719076_1798509055088167078_n.jpg

ထိုင်းရဲတပ်ဖွဲ့သည် အသက် ၁၆ နှစ်အရွယ်ရှိ ထိုင်းလူငယ်ကိုပြည်ပနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နိုင်ရန် ကူညီပေးမှု၊ အဖမ်းမခံဘဲထွက်ပြေးမှုအပြင် ကားမောင်းလိုင်စင်မရှိဘဲ ကားမောင်းမှုစသော စွဲချက်များဖြင့်စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref- — dailynews

Leave a Reply

Your email address will not be published. Required fields are marked *