October 19, 2024

၂၅. ၈. ၂၀၂၃
Written by Hey Mar

ကမ္ဘာအေးဘုရားလမ်းမ ပုလဲကွန်ဒိုအနီးမှာ ယာဥ် ၃ စီးဆင့်တိုက်ခဲ့တဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်၂၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ကရုဏာကမ်းလက်လူမှူကူညီကယ်ဆယ်ရေးပရဟိတသင်း တာဝန်ရှိသူက ပြောပါတယ် ။

ဖြစ်စဉ်ဟာ Toyota Celsior ယာဥ်က မီးပွိုင့်အဖြတ်မှာ Toyota Caldina အဖြူရောင်ယာဉ်ကို အရှိန်နဲ့ဝင်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်တက်ကာ ဓာတ်တိုင်နဲ့ ထပ်မံတိုက်မိခဲ့တာလို့ သိရပါတယ်။ Toyota Caldina ရဲ့ နောက်ပိုင်းကို Nissan Sunny က ထပ်မံဝင်တိုက်မိခဲ့တာကြောင့် ထိခိုက် ဒဏ်ရာရသူ အမျိုးသား ၂ ဦး မစိုးရိမ်ရ(မြေပြင်အခြေနေ)ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ် ။

This image has an empty alt attribute; its file name is photo_2023-08-25_11-27-53-1024x468.jpg

ဒဏ်ရာရှိသူ အမျိုးသားနှစ်ဦးကို ကရုဏာကမ်းလက်အသင်းက မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ပြုလုပ်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ကူညီ ရှင်းလင်းရေးတွေ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ပေမဲ့ ဒီနေ့ မနက်ပိုင်းအထိ လမ်းလည်ကျွန်းနဲ့ လမ်းမီးတိုင်အပျက်အစီးတွေကို ကရိန်းနဲ့ ဆွဲထုတ်ရှင်းလင်းဆောင်ရွက်နေရလို့ ရုံးတက်ချိန်မနက်ပိုင်းမှာ ယာဉ်ကြောကျပ်တည်းတာတွေလည်း အချိန်အတော်ကြာ ဖြစ်ပေါ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *