October 19, 2024

၂၅. ၈ .၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီလမ်းဆုံမှာ ဒီနေ့ ဩဂုတ်၂၅ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းငါးခန်းလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ခေမာသီလမ်းမ၊ မေဓာဝီလမ်းဆုံ၊ CB ဘဏ်ဘေးက ဆိုင်ခန်းတွဲတွေမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး စတိုးဆိုင်တစ်ဆိုင်ရဲ့ အနောက်ဘက်ကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စုစုပေါင်း ဆိုင်ခန်း ၅ ခန်း ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-25_14-59-37.jpg

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းမှုကို Level -1 အဆင့်သတ်မှတ်ပြီး နာရီဝက်နီးပါး ငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *