၂၅. ၈. ၂၀၂၃
Written by Nay Aung
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရအနေဖြင့် ၎င်းတို့ပြည်နယ်အတွင်း တရားမဝင် ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသား ၂၅၀၀ နီးပါးကို မိခင်နိုင်ငံ ပြန်ပို့သွားရန် စီစဉ်နေကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်လိုက်သည်။
မဏိပူရပြည်နယ်ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ပြည်နယ်အတွင်းရှိ မတူညီသော ဒေသငါးခုတွင် မြန်မာရွှေ့ပြောင်းသွားလာသူများ ဝင်ရောက်နေထိုင်နေသည်။ မဏိပူပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့သောနှစ်ပိုင်းအတွင်း ပြည်နယ်အသင်းသို့ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှုများရှိလာခဲ့ကြောင်း ပြောသည်။ မဏိပူရပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန၏အဆိုအရ မဏိပူရပြည်နယ် Tengnoupal ဒေသရှိ မတူညီသော နေရာ ၁၃ ခုတွင် မြန်မာနိုင်ငံသား ၁၁၄၇ ဦး တရားမဝင်နေထိုင်နေသည့်အပြင် Chandel ဒေသအတွင်းရှိ နေရာ ၁၀ ခုတွင် တရားမဝင် ဝင်ရောက်နေထိုင်နေသော မြန်မာနိုင်ငံသား ၁၁၇၅ ဦးရှိနေကြောင်း သိရသည်။
ထို့အပြင် Churachandpur ဒေသ၊ Pherzawl ဒေသနှင့် Kamjong ဒေသတို့တွင်လည်း မြန်မာနိုင်ငံသားများ တရားမဝင်နေထိုင်မှုများရှိနေကြောင်း မဏိပူရပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ အိန္ဒိယဗဟိုအစိုးရ၏ ညွှန်ကြားချက်များအတိုင်း မဏိပူရပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း ရောက်ရှိနေသောမြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်း သိစေမည့် ယာယီအထောက်ထားကတ်များ ထုတ်ပေးထားကြောင်း သိရသည်။
မဏိပူရပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေများ တည်ငြိမ်ကောင်းမွန်လာမည်ဆိုလျှင် ပြည်နယ်အတွင်းရောက်ရှိနေထိုင်နေသောမြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနှင့်နယ်စပ်ချင်းထိစပ်နေသော စစ်ကိုင်းနှင့်ချင်းပြည်နယ်တို့မှ မြန်မာနိုင်ငံသားများသည် မဏိပူရပြည်နယ်အတွင်းကို တရားမဝင် သွားရောက်နေထိုင်ခဲ့ကြောင်း သိရသည်။
Ref- — northeastnews