၂၅. ၈. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် အလုပ်လုပ်ကိုင်မည်ဆိုသည့် အမျိုးသား ၁၄ ဦးကို PDF များက ဖမ်းဆီးလိုက်သည်ဟု CGYGDF (Chindwin Galone Yarzar Guerrilla Defense Force) PDF အဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယမန်နေ့ ဩဂုတ် ၂၄ ရက် နံနက် ၁၁ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ အနောက်တောင်တိုင်း စစ်ဌာနချုပ် သင်တန်းဆင်း ပြည်သူ့စစ် ၁၄ဦး(ကုမ္ပဏီအတွင်းရောက်လျှင် သင်တန်းထပ်မံတက်ရောက်ရမည်ဟု ထိုသူများ၏ ထွက်ဆိုချက်)အား လမ်းပိုင်းတစ်နေရာတွင် ULF အဖွဲ့ဝင် Alpha Column တပ်ခွဲ(၁)Alpha Special Force နှင့် တပ်ခွဲ(၃) Chindwin Galone Yarzar Guerrilla Defense Force မှ PDF များက ဖမ်းဆီးခဲ့သည်ဟု CGYGDF က ထုတ်ပြန်သည်။
လက်ရှိတွင် ယင်း ပြည်သူ့စစ်ဆိုသူ ၁၄ ဦးအား လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ဆားလင်းကြီးမြို့နယ် ပလဖထံသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟုလည်း သိရသည်။