၂၅. ၈. ၂၀၂၃
Written by Hey Mar
တောင်မြောက်လမ်းဆုံမှာရှိတဲ့ မြို့ဦးစေတီမှာ တည်ထားလက်စ နဂါးရုံဘုရားပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူသုံးဦးပိကာ ပိတ်မိနေတယ်လို့ ကနဦး မြေပြင်သတင်းတွေအရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံမှာ ဒီနေ့ ဩဂုတ် ၂၅ရက် မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က တည်ဆောာက်လက်စ နဂါးရုံဘုရား ပြိုကျခဲ့တာကြောင့် ပန်းရံလုပ်သား သုံးဦး ပိမိကာ တစ်ဦးသာ ကယ်ထုတ်နိုင်သေးတယ်လို့ ကနဦးသိရှိပါတယ်။
ဖြစ်စဉ်နေရာကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရှာဖွေကူညီရှင်းလင်းရေးတွေ ဦးဆောင်ပြုလုပ်နေပြီး နယ်ခံပရဟိတ အဖွဲ့တွေလည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။