October 18, 2024

၂၄.၈.၂၀၂၃

Written By Thandar 

Myanmar Idol Season 4 ကတဆင့် ပရိသတ်တွေ အားပေးမှု ရရှိလာတဲ့ အဆိုတော် မေမဒီက LGBT Support ပေးထားတဲ့ “လူသားဆန်တဲ့အိမ်မက်” သီချင်းလေး ယနေ့ထွက်မယ်လို့ MT News ကိုပြောပါတယ်။

“မေ‌လေး ရဲ့ သီချင်းခွေ ထွက်ခဲ့ပေမယ့် ကိုဗစ်ကာလမို့ ပရိသတ်တချို့က မသိလိုက်တာ ရှိတယ်။ဒီခွေထဲ ပရိသတ် Feedback နားထောင်ပြီးမှ ပြန်ဆိုပြီး Music Video ရိုက်ကူးဖြစ်တာပါ။ဒီ သီချင်းလေးက LGBT Support ဖြစ်မယ့် သီချင်းလေးပါ၊ လူတိုင်းနဲ့မင်းမယှဉ်ပါနဲ့ လူသားဆန်တဲ့ချစ်ခြင်းတစ်ခုပဲ ပုံစံလေးပါ။ ကိုယ့်ထပ်သာတဲ့သူ တွေ့သွားရင်လည်း ကိုယ့်ဘက်က တိတ်တိတ်လေးချစ်နေရရင် ပိုအဆင်ပြေတယ် အဓိပ္ပါယ်လေးဖွဲ့ဆိုထားပါတယ်”လို့ အဆိုတော် မေမဒီက ပြောပါတယ်။

“လူသားဆန်တဲ့အိမ်မက်” Music Video ကို တေးရေး တာကြီးရေးသားပေးထားတဲ့ Pop Music ပုံစံလေးနဲ့ ယနေ့ ဩဂုတ်လ ၂၄ရက် ညနေ ၅နာရီ မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က “This is May Ma D Album” ထဲကသီချင်းသစ်လေးကို Music Video ရိုက်ကူးပြီးတင်ပေးထားတာလည်း ဖြစ်ပါတယ်။ 

This image has an empty alt attribute; its file name is IMG_3518-1024x1024.jpeg

“မေလေး ပရိသတ်တွေက တေးသီချင်းမြူးမြူးလေးတွေ ကြိုက်ကြတယ်။ကိုယ်ပိုင် သီချင်းအေးအေး လေးတွေကိုလည်း မေလေးဆိုပြီး ချပြဖြစ်တာပါ။ လူသားဆန်တဲ့အိမ်မက် သီချင်းကိုလည်း ခံစားပြီး နားဆင်ပေးပါဦး လူကြီး လူငယ်မရွေးနားထောင်လို့ရမယ် Type လေး ဖန်တီးထားပါတယ်။ ခံစားချက်တွေ တိုက်ဆိုင်ရင် Supporting လုပ်ပေးပါဦး”လို့ သူမကဆက်ပြောပါတယ်။

သူမက “မင်းလေးချစ်တတ်ရင်” ၊ “စပါကလင်အချစ်” Cover Song တချို့အပြင် ကိုယ်တိုင်ရေးထားတဲ့ Own Tune “I Am Ok ” သီချင်းကို မကြာခင်က ထွက်ရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တေးသီချင်းသစ်တွေနဲ့ Cover Song တေးသီချင်း ၂ပုဒ် အပြင် Night Live အတွက်လည်း ခပ်မြူးမြူး ပုံစံဆန်းဆန်း‌လေး သီချင်း စတာ‌တွေ ထွက်ရှိလာဖို့ ရှိတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *