MT News
၂၄. ၈. ၂၀၂၃
၁။
“ရုရှားကို မရောက်ခင်တုန်းက ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့နိုင်ငံဆိုတော့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက် နေတာတွေ၊ ပြည်သူတွေက ထိတ်လန့်နေတာမျိုး မြင်ခဲ့ရမယ်ထင်ခဲ့တာ။ တကယ်ရောက်သွားတဲ့အချိန် ကျတော့ အဲဒီအထင်တွေ ပျောက်သွားတယ်။ အေးချမ်းလှပပြီး ရုရှားပြည်သူတိုင်းက ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ သူတို့ရှုံးမှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ သွားလာနေတာကိုလည်း တွေ့ရတယ်”
ဒီစကားကို ပြောတဲ့သူက ဩဂုတ် ၁၄ ရက်ကနေ ၂၀ အထိ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံ တကာစစ်ဖက်နည်းပညာဖိုရမ် (International Military- Technical Forum “ARMY 2023”) ကို တက် ရောက်သတင်းယူခွင့်ရခဲ့တဲ့ မီဒီယာသမားတစ်ဦးပါ။ မှန်ပါတယ်။ ရုရှားနဲ့ ယူကရိန်းစစ်ဖြစ်နေတဲ့ အချိန် တစ်နှစ်ခွဲအတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေရဲ့ နေတိုးအဖွဲ့တွေနဲ့ EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ ယူကရိန်းအပေါ် ထောက်ပံ့မှုတွေ။ ယူကရိန်းပဲ နိုင်တော့မယောင် ဝါဒဖြန့်မှုတွေပဲ တစ်ချိန်လုံး ဖတ်နေခဲ့ရလို့ ရုရှားရဲ့ ARMY 2023 ပြပွဲကို တက်ရောက်သတင်းယူရမယ်ဆိုတဲ့အချိန်မှာ စစ်ဖြစ် နေတဲ့နိုင်ငံကြီးမှာ ဘာတွေကြုံရမလဲ။ လက်နက်တွေကိုင်ထားကြပြီး လူတွေက အကြောက်တရားတွေနဲ့ နေနေကြမလား။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တွေ တော်လှန်ရေးလုပ်တယ်ဆိုပြီး လူထုကြားမှာ မိုင်းခွဲတာတွေ၊ ပြည်သူအများသွားလာရာလမ်းတွေမှာ မိုင်းထောင်တာမျိုး မြင်ရမလား။ ပစ်ခတ်မှုတွေ ကြုံရ မလားဆိုတဲ့ အတွေးမျိုး အပြည့်ပါ။
ဒါပေမဲ့လည်း အဲဒီအတွေးတွေက လုံး၀မှားယွင်းပြီး ရုရှားပြည်သူတွေဟာ ယူကရိန်းကို အေးအေး ဆေးဆေးနိုင်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ပဲ ငြိမ်းချမ်းပျော်ရွှင်နေတာကို စာရေးသူကိုယ်တိုင်ကိုယ်ကျ တွေ့ မြင်ခဲ့ရပါတယ်။
“ရုရှားက ယူကရိန်းကို စစ်ပွဲစကတည်းက သူသိမ်းမယ်ဆို သိမ်းလို့ရတဲ့ အနေအထားပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူက သိမ်းဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ Special Operation ပေါ့။ အထူးစစ်ဆင်ရေး ဆိုတဲ့နာမည်ပဲ အသုံးပြုပြီးတော့မှ သူလိုအပ်တဲ့ရည်မှန်းချက်ရောက်အောင်ပဲ အချိန်ဆွဲပြီးတိုက်နေတာ ပေါ့။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်တယ်။ အဓိက,ကတော့ သူ့ရဲ့ နိုင်ငံအနောက်ဖက်မှာ နေတိုးနိုင်ငံ ဖြစ်လာမှာကို ရုရှားအနေနဲ့ လိုလားမှာမဟုတ်ဘူး။ ဘယ်နိုင်ငံမှလည်း လိုလားမှာမဟုတ်ဘူးဆိုတဲ့ အခြေ အနေမျိုးဖြစ်ပါတယ်။ အဲဒီတော့ သေချာပေါက် ကတိကဝတ်ရတဲ့အထိ အချိန်ဆွဲပြီးတိုက်မယ်။ နောက် တစ်ခုက ဖိနှိပ်ခံနေရတဲ့ ဒွန်းဘတ်စ်နဲ့ လူဟန့်ဒေသတွေ လွတ်မြောက်တဲ့အထိလည်း လုပ်ပေးသွားမယ် ပေါ့။ ဒီရည်ရွယ်ချက်နှစ်ခုနဲ့ တိုက်နေတော့ စစ်ပွဲကတော့ ကြာနေတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ရုရှားဘက်က အသာစီးပဲဆိုတာ ပိုပြီးတော့ မြင်လာရတဲ့အနေအထားမျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေကလည်း အောင်မြင်မှုမရှိဘူးဆိုတာ မျက်ဝါး ထင်ထင်မြင်ရတယ်။ နောက်တစ်ခုကတော့ ရုရှားအနေနဲ့ ယူကရိန်းတစ်နိုင်ငံတည်းကို ရင်ဆိုင်ရတာ မဟုတ်ဘဲနဲ့ NATO နဲ့ Proxy War တစ်ခုကို တိုက်နေရတယ်လို့ မြင်တယ်။ ရုရှားတွေသည် ယူကရိန်း တစ်နိုင်ငံတည်းရဲ့ စစ်အင်အားတစ်ခုတည်းကိုပဲ ရင်ဆိုင်ရတာမဟုတ်ဘဲနဲ့ အမေရိကန်အပါအဝင် NATO နိုင်ငံတွေထောက်ပံ့ထားတဲ့ ခေတ်မီလက်နက်အားလုံးနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်ဆိုတာကို ကျွန်တော် တို့ တွေ့ရမှာဖြစ်တယ်။ ကျွန်တော်ဆို မနှစ်က စစ်ပွဲအစမှာလည်း မော်စကိုရောက်တယ်။ ဒီနှစ်လည်း ရောက်တယ်။ လုံခြုံရေးညီလာခံကို မနှစ်ကလည်း တက်ခဲ့တယ်။ ဒီနှစ်လည်း တက်ခဲ့တယ်။ ဆိုတော့ ဒီမော်စကိုလိုမြို့ကြီးမှာတောင် စစ်ပွဲဖြစ်နေတယ်ဆိုတာ လုံး၀မသိသာဘူး။ အေးအေးဆေးဆေးပဲ နေကြတယ်။ စစ်ပွဲဖြစ်နေချိန်မှာတောင် အစိုးရက မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး လှုံ့ဆော်တဲ့ အနေနဲ့ ရုရှားတပ်မတော်က သူရဲကောင်းစစ်သည်တွေရဲ့ ပုံတွေကို လမ်းတွေမှာ Billboard တွေနဲ့ ပြသ ထားတာတွေ့ရတယ်။ ကျဆုံးစစ်သည်တွေ သူရဲကောင်းစစ်သည်တွေကို ဂုဏ်ပြုထားတာ တွေ့ရတယ်။ တစ်ခုတော့ရှိတယ်။ ယူကရိန်းက ဝင်တိုက်တာ ဟုတ်ချင်မှဟုတ်ပေမဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ မော်စကိုရဲ့ စီးပွားရေးအချက်အခြာကျတဲ့ High-rise နေရာတချို့ကို Moskva City complex ကို ယူကရိန်းဘက်ကလို့ ယူဆရတဲ့ မောင်းသူမဲ့ဒရုန်းတွေ၊ အသေခံဒရုန်းတွေ ဝင်တိုက်ခိုက်ခဲ့တာရှိတယ်။ ဒါပေမဲ့လည်း အချိန်မီဖျက်ချနိုင်ခဲ့တဲ့အတွက် ဒီအဆောက်အအုံမှာရှိတဲ့ မှန်တွေကွဲသွားတာလောက်ပဲ ရှိခဲ့တယ်ဆိုတာ တွေ့ရတယ်။ ဒါတွေကို ရုရှားအစိုးရဘက်ကလည်း ပြင်းပြင်းထန်ထန် လိုက်လံစစ်ဆေး အရေးယူနေတယ်ဆိုတာကို တွေ့ရတယ်။ ဥပမာအားဖြင့် ကြည့်မယ်ဆိုရင် ကားတွေဟာ မော်စကိုမြို့ ထဲသွားလာမယ်ဆိုရင် ရုရှားရဲ့ Yandex ရဲ့ Map တို့ GPS တို့ကို အသုံးပြုပြီး သွားနေတာတွေ့ရတယ်။ အဲဒီအချိန် ကျွန်တော်တို့က Google Map ကို ကြည့်လိုက်မယ်ဆိုရင် Google Map က နေရာတွေနဲ့ လွဲနေ တာ တွေ့ရမှာဖြစ်တယ်။ အဲဒီလို Google Map ကို Jumping လုပ်ထားတော့ တစ်ဖက်က Google ရဲ့ GPS Guide နဲ့ လာမဲ့ ရန်သူ့ရဲ့ လက်နက်တွေကို ကာကွယ်ထားတာ တွေ့ရတယ်။ နောက်တစ်ခုက မော်စကိုမြို့ က ပြည်သူတွေက အေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ပဲ။ Night Life တွေဆိုရင်လည်း ပုံမှန်ပဲမြင်နေရ တယ်”လို့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့က အမှုဆောင်အရာရှိချုပ် ဒေါက်တာနိုင်ဆွေဦးက ပြော ပါတယ်။ သူဟာ Army 2023 ကိုရော (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကိုပါ တက်ရောက်လေ့လာဆွေးနွေးခဲ့သူပါ။
မော်စကိုမြို့ ထဲသွားလာမယ်ဆိုရင်
ရုရှားရဲ့ Yandex ရဲ့ Map တို့ GPS တို့ကို အသုံးပြုပြီး သွားနေတာတွေ့ရတယ်။
အဲဒီအချိန် ကျွန်တော်တို့က Google Map ကို ကြည့်လိုက်မယ်ဆိုရင်
Google Map က နေရာတွေနဲ့ လွဲနေ တာ တွေ့ရမှာဖြစ်တယ်။
အဲဒီလို Google Map ကို Jumping လုပ်ထားတော့
တစ်ဖက်က Google ရဲ့ GPS Guide နဲ့ လာမဲ့
ရန်သူ့ရဲ့ လက်နက်တွေကို ကာကွယ်ထားတာ တွေ့ရတယ်။
နောက်တစ်ခုက မော်စကိုမြို့ က ပြည်သူတွေက အေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ပဲ။
Night Life တွေဆိုရင်လည်း …..
၂။
ရုရှားနိုင်ငံက ပြုလုပ်တဲ့ ARMY 2023 ပြပွဲက မော်စကိုမြို့အနီး Patriot Congress and Exhibition Center မှာ ပြုလုပ်ခဲ့တာပါ။ ပြပွဲဧရိယာက စတုရန်းမီတာ ၃၀၀,၀၀၀ ခန့် ကျယ်ဝန်းသလို စစ်ဖက်သုံး ပစ္စည်းနမူနာ ၂၈,၀၀၀ ခန့်ကိုလည်း ခင်းကျင်းပြသတာကို တွေ့ရပါတယ်။ ဒီ Army 2023 နဲ့အတူ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(XI Moscow Conference on International Security) ကိုလည်း ကျင်းပခဲ့ပါတယ်။ ဒီညီလာခံမှာတော့ နိုင်ငံပေါင်း ၂၀ က ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၂၀ ၊ နိုင်ငံပေါင်း ၁၆ နိုင်ငံက ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံက ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင် အင်အား ၈၀၀ ကျော် တက်ရောက်ကြပြီး ရုရှားရဲ့ မိတ်ဖက်နိုင်ငံ ၆၀ ကျော်ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
လက်နက်ပြပွဲမှာဆိုရင်လည်း ရုရှားစစ်ဖက်နဲ့ စက်မှုကုမ္ပဏီ ၁၅၀၀ ခန့်ရဲ့ စစ်ဖက်ဆိုင်ရာ လက်နက် ပစ္စည်းတွေကို ပြသခဲ့သလို တရုတ်၊ ဘယ်လာရုစ် စတဲ့ နိုင်ငံခုနစ်ခုက နိုင်ငံခြားကုမ္ပဏီ ၈၅ ခုကလည်း ပူးပေါင်းပါဝင်ပြသခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီပြပွဲအတွင်းမှာပဲ ဒေါ်လာ သန်း ၆၀၀ လောက် တန်ဖိုးရှိတဲ့ လက်နက်တွေတင်ပို့ဖို့အတွက် လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း Rosoboronexport ရဲ့ CEO Alexander Mikheev က ပြောကြားခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရတော့ ဒီ ပွဲတွေမှာ ရူဘယ် ၄၃၃ ဘီလျံ (ဒေါ်လာ ၄ ဒသမ ၃၄ ဘီလျံ) ကျော်တန်ဖိုးရှိ စာချုပ်တွေကို လက်မှတ်ရေး ထိုးမယ်လို့လည်း ပြောခဲ့တာ တွေ့ရပါတယ်။
Army 2023 ပြပွဲ ပထမနေ့မှာ တက်ရောက်လာတဲ့ သတင်းမီဒီယာတွေကို ပထမဆုံးအနေနဲ့ Rostec State Corporation က ထုတ်လုပ်တဲ့ ကျည်ကာအင်္ကျီသစ်ကို CEO Oktava Plant Pavel Pavlenko က မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီ ကျည်ကာအင်္ကျီအသစ်ဟာ ပေါ့ပါးပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်သလို သံချပ်ကာဖောက်စနိုက်ပါကျည်ကိုတောင် ခံနိုင်ရည်ရှိတယ်လို့ ရှင်းပြပါတယ်။ ကာကွယ်မှုအဆင့်ကလည်း Br4 အထိရှိပြီး 5.45mm၊ 7.62 mm ချေမှုန်းရေးရိုင်ဖယ်ကျည်တောင့် တွေကိုပါ ခံနိုင်ရည်ရှိတယ်လို့ဆိုပြီး ဒီကျည်ကာဒီဇိုင်းသစ်တွေကို တစ်လ အထည် ၂၀၀ ထုတ်လုပ်နိုင် တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ Tactical Missiles Corporation (KTRV) ရဲ့ ပြခန်းဆီပို့ပေးခဲ့ပြီး နာမည်ကျော် ဒုံးလက်နက်တွေဖြစ်တဲ့ Kh-31AD၊ Kh-35UE၊ X-59MK သင်္ဘောဖျက်ဒုံးကျည်တွေ၊ အဆင့်မြှင့် တင်ထားပြီး တိကျမှုမြင့်မားတဲ့ X-59MK ဒုံးပျံနဲ့ X-69 ဘက်စုံသုံး ကိုယ်ပျောက် ခရုဇ်ဒုံးကျည်၊ လေဆာ အိမ်ခေါင်းပါတဲ့ Kh-38MLE မော်ဂျူလာဒုံးကျည်တွေ၊ Grom-E မိသားစုဝင် Grom-E1 ဒုံးကျည်နဲ့ Grom-E2 ရွေ့လျားဒုံးကျည်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရေဒါဆန့်ကျင်ရေး ဒုံးကျည် တွေ၊ ရေငုပ်သင်္ဘောဖျက်လက်နက်တွေ၊ ရဟတ်ယာဉ်၊ လေယာဉ်နဲ့ ဒရုန်းကတစ်ဆင့် ကြဲချနိုင်တဲ့ အရွယ်အစားသေးငယ်တဲ့ တော်ပီဒို (UMT) စတာတွေကို ရှင်းလင်းပြသ မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ အတွက် အဆင့်မြှင့်တင်ထားတဲ့ ဝေဟင်ပစ်ဒုံးကျည်တွေဖြစ်တဲ့ တာဝေးပစ် RVV-BD၊ တာလတ်ပစ် RVV-SD နဲ့ တာတိုပစ် RVV-MD မော်ဒယ်တွေနဲ့ နောက်ဆုံးပေါ် RVV-MD2 တို့ကို ခင်းကျင်းပြသခဲ့သလို လေကြောင်းက ကြဲချနိုင်မဲ့ ကီလိုဂရမ် ၂၅၀၊ ၅၀၀ နဲ့ ၁၅၀၀ စမတ်ဗုံးတွေကိုလည်း ခင်းကျင်းပြသ ရှင်းပြခဲ့ပါတယ်။
နေ့လည်ပိုင်းမှာတော့ Nord Stream ဓာတ်ငွေ့ပိုက်လိုင်းပေါက်အပြီး ပင်လယ်ကြမ်းပြင်က ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတွေကို စောင့်ကြည့်ဖို့ Rubin Design Bureau က အသစ်ထုတ်လုပ်ထားတဲ့ အလိုအလျာက်ထိန်းကျောင်းမှုစနစ်နဲ့ ရေအောက်ယာဉ် (AUV) Argus ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Argus ဟာ ကျယ်ပြန့်တဲ့ ကမ်းလွန်ပင်လယ်ပြင်အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ပင်လယ်ရေ အောက် သဘာ၀ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေနိုင်တဲ့အပြင် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုတွေ၊ ရေ အရည်အသွေးပြောင်းလဲမှုတွေ၊ မူလအနေအထားကနေ ပိုက်လိုင်းပြောင်းလဲမှုတွေကို လျင်လျင် မြန်မြန်ရှာဖွေပြီး သတင်းပို့နိုင်တယ်လို့လည်း Rubin Design Bureau က ဒုတိယအမှုဆောင်အရာရှိချုပ် Andrew Baranov က ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် Pr.Armur 1650 နဲ့ Armur 950 ရေငုပ်သင်္ဘောတွေအကြောင်းလည်း ရှင်းပြခဲ့ပါသေးတယ်။ ကီလိုကလပ်ရေငုပ်သင်္ဘောတွေဟာ ပို့ကုန်စျေးကွက်မှာ လူသိများပြီး အခြေခံနဲ့ အဆင့်မြှင့်ထားတဲ့ ရေငုပ်သင်္ဘော ၇၀ လောက်ဟာ ရုရှားရဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ရေတပ်တွေမှာ တပ်တော်ဝင်ထားပြီး Pr.Armur 1650 ကတော့ မျိုးဆက်သစ်ပါ။ Pr.Armur 1650 ဟာ တော်ပီဒိုနဲ့ ဒုံးကျည် ၁၈ လုံးစီပါပြီး ရေအောက်နဲ့ မြေပြင်ပစ်မှတ်တွေကို ပြွန်ခြောက်ခုစလုံးကနေ ပစ်ခတ်နိုင်ပါတယ်။ ကိုယ်ပျောက် စွမ်းရည်ကိုလည်း မြှင့်တင်ထားတာကြောင့် သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေရဲ့ ထောက်လှမ်းနိုင်မှုကို လျှော့ချပေးနိုင်သလို အလွန်နိမ့်တဲ့ဆူညံသံတွေကို ပြန်လည်ထောက်လှမ်းနိုင်တဲ့ အားသာချက်တွေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒုတိယနေ့မှာတော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ လေယာဉ်ပစ်ဒုံးလက်နက်တွေ၊ ခေတ်မီ သေနတ်အမျိုးမျိုးနဲ့ အဲဒီလိုလက်နက်တွေကို အဆင့်မြှင့်တင်ထားတာတွေ မိတ်ဆက်ပြသခဲ့သလို ကူဘင်ကာလေယာဉ်ကွင်းကို သွားရောက်ပြီးတော့လည်း Su-57, Su-35S, Su-30SM, Su-34, Su-25BM, MiG-35, Yak-130, L-410, DA-42T, Ka-52M, Mi-28NM, Mi-26T2V, Ansat-U ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ရုရှားလေတပ်၊ ရေတပ်ရဲ့ လေယာဉ်တွေအကြောင်း ရှင်းပြခဲ့တဲ့အပြင် အဆင့်မြှင့်တင်ထားတဲ့ Su-30SM2 ဘက်စုံသုံးတိုက်လေယာဉ်အကြောင်းတွေလည်း ရှင်းပြခဲ့ပါသေးတယ်။
စစ်ဖက်နည်းပညာနဲ့ လက်နက်ပြပွဲဆိုတာမျိုးက
ရှိတာအကုန်ထုတ်ပြတာမဟုတ်ဘဲ အသိပေးချင်တာနဲ့
ကိုယ်ပြချင်တာလောက်ပဲ ထုတ်ပြတဲ့ သဘောသဘာ၀မျိုးနဲ့ ချိန်ဆမယ်ဆိုရင်
ရုရှားဟာ Army 2023 ပြပွဲမှာ သူ့ဘက်က အသာစီးရနေတာကို သိစေချင်တာ၊
နေတိုးအုပ်စုရဲ့ သိမ်းမိ လက်နက်တွေကို ထုတ်ပြတာကလည်း
ယူကရိန်းကို ထောက်ပံ့ဖို့ အခက်အခဲဖြစ်လာနေတဲ့
နေတိုးနိုင်ငံတွေကို ငါတို့ဘက်က အေးဆေးပဲဆိုတာ ပြချင်တဲ့
သဘောသဘာ၀မျိုး မြင်
၃။
တတိယနေ့နဲ့ စတုတ္တနေ့မှာတော့ မြန်မာ၊ စပိန်နဲ့ အိန္ဒိယက သတင်းစာဆရာသုံးယောက်ကို စိန့်ပီတာစဘတ်ချ်မြိုဆီ ခေါ်သွားပြီး Admiralty သင်္ဘောကျင်းနဲ့ Northern သင်္ဘောကျင်းကို လိုက်ပြီးပြသခဲ့ပါတယ်။ Northern သင်္ဘောကျင်းကတော့ နှစ် ၁၀၀ ကျော် သက်တမ်းရှိပြီး အရပ်ဘက်နဲ့ ရေတပ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ အဓိကတည်ဆောက်တာပါ။ Admiralty သင်္ဘောကျင်းကတော့ ၁၇၀၄ ခုနှစ်မှာ တည်ထောင်ခဲ့လို့ နှစ် ၃၀၀ ကျော် သက်တမ်းရှိနေပြီး အရေးကြီးတဲ့ ရေငုပ်သင်္ဘောတွေ အဓိက တည်ဆောက်တဲ့ နေရာပါ။ ဒီသင်္ဘောကျင်းမှာပဲ ကမ္ဘာ့ပထမဆုံး နျူကလီးယားရေခဲခွဲ သင်္ဘောတွေ၊ ဘက်စုံသုံးနျူကလီးယားရေငုပ်သင်္ဘောတွေကို ထုတ်လုပ်ခဲ့တာပါ။
Admiralty သင်္ဘောကျင်းဟာ လက်ရှိမှာ Project ပေါင်း ၆၃၆ ခုကို စမ်းသပ်လုပ်ဆောင်နေပြီး ဒီနေ့ခေတ်ကာလအထိ ရေငုပ်သင်္ဘော ၃၀၀၊ ရေနက်ပိုင်းသွားရေငုပ်သင်္ဘော ၇၀ အပါအဝင် ရေပေါ် ရေအောက်သွား သင်္ဘော ၃၀၀၀ ခန့်ကို ထုတ်လုပ်ထားသလို ကမ္ဘာတဝှမ်းက မိတ်ဖက်နိုင်ငံတွေကို လည်း ရောင်းချထားတယ်လို့ Admiralty သင်္ဘောကျင်းက တပ်မတော်နဲ့ နည်းပညာပူးပေါင်းဆောင် ရွက်ရေးဌာန၊ ဒုတိယဌာနမှူး Ksenia A SLOMONOVA က ရှင်းပြပါတယ်။
စာရေးသူဟာ ARMY 2023 ပြပွဲလုပ်တဲ့ မော်စကိုမှာ နှစ်ရက်၊ စိန့်ပီတာစဘတ်ချ်မှာ နှစ်ရက်နေခဲ့ရပြီး Media Trip အစီအစဉ်အတိုင်း ပြသတာ ရှင်းပြတာတွေပဲ မြင်ခဲ့ရတာပါ။ ဒါပေမဲ့ ဒီခရီးစဉ်မှာပဲ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေက ရုရှားပဲရှုံးတော့မယောင် ဝါဒဖြန့်ချိမှုတွေနဲ့ ရေးသားမှု တွေဟာ တကယ့်လက်တွေ့မြေပြင်မှာ ပြောင်းပြန်ဖြစ်နေသလို လက်နက်ပြပွဲမှာဆိုလည်း စစ်ဖက် ဆိုင်ရာလက်နက်အသုံးအဆောင် ၂၈၀၀၀ လောက် ပြခဲ့ပြီး အဲဒီအထဲမှာ အသစ်ထုတ်ပြတာတွေ၊ အဆင့် မြှင့်တင်ထားတာတွေ၊ ရာနဲ့ ထောင်နဲ့ ချီ ပါခဲ့တာကို တွေ့ရတာပါ။
ဒီစစ်ပွဲဟာ ရုရှားဘက်မှာ အသာစီးရနေတယ်ဆိုတာကို ပိုပြီး မြင်သာထင်သာရှိစေခဲ့တာကတော့ ARMY 2023 ပြပွဲထဲမှာကို ယူကရိန်းကို ထောက်ပံ့ထားတဲ့ နေတိုးအုပ်စုတွေရဲ့ သိမ်းမိလက်နက်တွေ ပါဝင်ခဲ့ပြီး အဲဒီအထဲမှာဆို အမေရိကန်ထုတ် M-777A2 အမြောက်၊ M113 စစ်သည်တင်သံချပ် ကာယာဉ်နဲ့ Humvee အပေါ့စားသံချပ်ကာယာဉ်၊ MaxxPro မိုင်းဒဏ်ခံယာဉ်တွေအပြင် ပြင်သစ်၊ ဆွီဒင်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဖင်လန် စတဲ့နိုင်ငံတွေက ထုတ်လုပ်ထားတဲ့ သိမ်းမိတိုက်ခိုက်ရေးယာဉ်တွေ၊ လက်နက်တွေအများအပြားထုတ်ပြပြီး အောင်ပွဲခံခဲ့သေးတာပါ။
နောက်တစ်ချက်က စစ်ဖက်နည်းပညာနဲ့ လက်နက်ပြပွဲဆိုတာမျိုးက ရှိတာအကုန်ထုတ်ပြတာမဟုတ်ဘဲ အသိပေးချင်တာနဲ့ ကိုယ်ပြချင်တာလောက်ပဲ ထုတ်ပြတဲ့ သဘောသဘာ၀မျိုးနဲ့ ချိန်ဆမယ်ဆိုရင် ရုရှားဟာ Army 2023 ပြပွဲမှာ သူ့ဘက်က အသာစီးရနေတာကို သိစေချင်တာ၊ နေတိုးအုပ်စုရဲ့ သိမ်းမိ လက်နက်တွေကို ထုတ်ပြတာကလည်း ယူကရိန်းကို ထောက်ပံ့ဖို့ အခက်အခဲဖြစ်လာနေတဲ့ နေတိုး နိုင်ငံတွေကို ငါတို့ဘက်က အေးဆေးပဲဆိုတာ ပြချင်တဲ့ သဘောသဘာ၀မျိုး မြင်ခဲ့ရတာပါ။
သေချာတာကတော့ မကြာခင်ကာလမှာ
အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုတွေ၊
သူတို့သိစေချင်တဲ့ သတင်းတွေပဲ ကမ္ဘာကိုပေးသိပြီး
မသိစေချင်တဲ့ သတင်းတွေကို ဖုံးကွယ်ထားဖို့
အမှားတွေရေးဖို့ မီဒီယာတွေကို ချုပ်ကိုင်ထားတာတွေ၊
နိုင်ငံငယ်လေးတွေကို စစ်ဖြစ်အောင်လုပ်ဆောင်ပြီး
လက်နက်ရောင်းစားတာတွေ၊ ကျုးကျော်စစ်ဆင်နွှဲတာတွေ၊
ဒေါ်လာကို အသုံးချပြီး ငွေကြေးစစ်ပွဲဆင်နွှဲတာတွေဟာ
တစ်ခန်းရပ်တော့မဲ့ . . . .
၄။
တကယ်တော့ ရုရှားဟာ သူ့နိုင်ငံဘေးကို နေတိုးနိုင်ငံတစ်ခုပေါ်လာတာကို မနှစ်သက်တာကြောင့် ယူကရိန်းနိုင်ငံနဲ့ စစ်ပွဲဆင်နွှဲရပေမဲ့ ယူကရိန်းတစ်နိုင်ငံတည်းနဲ့ တိုက်နေရတာမဟုတ်ဘဲ အမေရိကန် အပါအဝင် နေတိုးအုပ်စုနိုင်ငံတွေနဲ့ပါ တိုက်ခိုက်နေရတဲ့သဘောပါ။ ဒီလိုမျိုး နေတိုးနိုင်ငံတွေ အကြီး အကျယ်ထောက်ပံ့ထားတဲ့သူနဲ့စစ်ပွဲဆင်နွှဲတာ တစ်နှစ်ကျော်တာတောင် ရုရှားဟာ အခြေမပျက်တဲ့ အပြင် ယူကရိန်းပိုင်နက်တွေကိုပါ သိမ်းထားနိုင်တယ်ဆိုတဲ့ အတိုင်းအတာကိုကြည့်မယ်ဆိုရင် ဒီစစ်ပွဲက ရုရှားအသာစီးရနေတဲ့အခြေအနေဆိုတာ မြင်သာပါတယ်။
ရုရှားအနေနဲ့လည်း နေတိုးအုပ်စုကို ရင်ဆိုင်နေရတဲ့အခြေအနေကြောင့် ယူကရိန်းကို အစွမ်းကုန်တိုက်၊ အပြီးသိမ်းပိုက်လိုက်တာမျိုးထက် နေတိုးအုပ်စုကိုပါ စစ်ပန်းအောင် အချိန်ဆွဲတိုက်ခိုက်နေတာကို မြင်ရပါတယ်။ အခုတောင်မှ အမေရိကန်သမ္မတဘိုင်ဒန်ဟာ ယူကရိန်းအပေါ် သူ့ရဲ့ အချည်းနှီးထောက်ပံ့မှု တွေကြောင့် အမေရိကန်ပြည်သူတွေရဲ့ ဝေဖန်မှုတွေ၊ ငြိုငြင်မှုတွေကို ရင်ဆိုင်နေရပြီမဟုတ်ပါလား။
“အခုအခြေအနေက ချေမှုန်းရေးစစ်ပွဲအသွင်ဖြစ်နေပြီး ဆက်သွားနေဦးမှာပါ။ ဘယ်သူက နိုင်မလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ရင်တော့ ရုရှားက မရှုံးနိုင်သလို ယူကရိန်းကလည်း မနိုင်နိုင်ပါဘူး။ ယူကရိန်းဟာ လက်ရှိမှာ လက်နက်တွေ လေ့ကျင့်ရေးစက်ကိရိယာတွေအတွက် အနောက်နိုင်ငံတွေဆီက တောင်းခံ နေရသလို စစ်ပွဲအရှိန်အဟုန်မြင့်လာတာနဲ့အမျှ အနောက်နိုင်ငံအတော်များများက ငွေကြေးထောက်ပံ့ တာတွေဆက်လုပ်ဖို့ လက်နက်တွေပို့ဖို့ ကျပ်တည်းလာနေပါပြီ။ သူတို့အထဲက နိုင်ငံတော်တော်များ များကတော့ ထောက်ပံ့ဖို့လက်နက်တွေ ကုန်သွားခဲ့ပြီး ဆက်ပေးလို့မရတော့ပါဘူး။ လာမဲ့နှစ်မှာဆိုရင် အမေရိကန်မှာ ရွေးကောက်ပွဲရှိတယ်။ ယူကရိန်းကို ထောက်ပံ့မှုတွေအတွက် ဘိုင်ဒန်အစိုးရဟာ အချေအတင်ဆွေးနွေးမှုတွေ ကြုံနေရပြီး ဘယ်လောက်ထပ်လုပ်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းတွေ ရင်ဆိုင်နေရတယ်” လို့ မော်စကိုနဲ့ စိန့်ပီတာစဘတ်ချ်ကို ဖိတ်ကြားခံရတဲ့ အိန္ဒိယသတင်းစာဆရာ Dinikar Peri က သူ့အမြင်ကို သုံးသပ်ပါတယ်။ သူဟာ The Hindu သတင်းစာရဲ့ အကြီးတန်း လက်ထောက်အယ်ဒီတာဖြစ်ပြီး ကာကွယ်ရေးနဲ့ မဟာဗျုဟာရေးရာအပိုင်းကို အထူးပြုလေ့လာရေး သားသူပါ။
လက်ရှိကမ္ဘာကြီးမှာ အမေရိကန်ရဲ့ ကဏ္ဍစုံကြီးစိုးချုပ်ကိုင်မှုကို ရပ်တန့်ဖို့ လုပ်ဆောင်နေကြတာပါ။ အမေရိကန်ဟာ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရာမှာလည်း အခြေမလှခဲ့ပါဘူး။ ယူကရိန်းကို တစ်ဆင့်ခံပြီး ရုရှားကို Proxy War ဆင်နွှဲရာမှာလည်း နေတိုးပါ ပေါင်းထားတာတောင် ရုရှားရဲ့ သမား ရိုးကျစစ်ပွဲဆင်နွှဲမှုကို မတားဆီးနိုင်တဲ့အပြင် မနိုင်နိုင်ဘဲနဲ့ ရုရှားကို တစ်ဆင့်ဝင်တိုက်ခိုက်နေလို့ ဘိုင်ဒန် အစိုးရအတွက် သူ့ရဲ့ ဒုတိယမြောက်သမ္မတသက်တမ်းတောင် မမျှော်လင့်နိုင်တဲ့ အခြေအနေပါ။
လက်ရှိအချိန်မှာ အမေရိကန်ကို နန်းချဖို့ ပါဝါ အားပြိုင်မှုတွေအများအပြားထဲက BRICS ကလည်း မူရင်းနိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကအပြင် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတိုကို BRICS ရဲ့ တင်းပြည့် အဖွဲဝင်အဖြစ် လက်ခံဖို့ဆုံးဖြတ်ခဲ့ပါပြီ။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ နီးပါးက BRICS မှာ ပါဝင်ဖို့ စိတ်ဝင်စားနေ ကြပြီး ဒီအထဲမှာ အမေရိကန်ဩဇာခံနိုင်ငံတွေတောင် ပါဝင်နေတာကို တွေ့ရပါတယ်။
“ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက First to Multipolar World ဆိုတော့ ဗဟုဝန်ရိုးစွန်းကမ္ဘာသို့ သွားရာ လမ်းသွယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးက တစ်ချိန်တုန်းက စစ်အေးတိုက်ပွဲကာလ တုန်းကတော့ သူတို့က Bipolar လို့ဆိုတဲ့ ဒွိဝန်ရိုးကမ္ဘာဖြစ်ခဲ့တာကိုး။ အမေရိကန်ကတစ်ဖက်၊ ဆိုဗီ ယက်ကတစ်ဖက်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတော့ Unipolar World ဆိုပြီး အမေရိကန်ဦး ဆောင်တဲ့ ကမ္ဘာဖြစ်လာတယ်။ အဲဒီကနေ အင်အားငယ်တဲ့နိုင်ငံလေးတွေကလည်း ဒေသတွင်းဆိုင်ရာ အဖွဲ့တွေဖြစ်လာတယ်။ နောက်ပြီးတော့ ထွန်းသစ်စ အင်အားကြီးနိုင်ငံတွေက BRICS + လိုမျိုးတွေ ဖွဲ့ လာပြီးတော့မှ ကမ္ဘာကြီးကို ဝန်ရိုးစုံကမ္ဘာ Multipolar World အဖြစ် တည်ဆောက်နေတယ်။ ရုရှားကလည်း ဒီလမ်းကြောင်းပေါ်မှာ သွားနေတယ်ဆိုတာကို ပြသနေတယ်။ အမေရိကန် တစ်ခုတည်းကြီးစိုးတဲ့ American Hegemony ကို ကမ္ဘာက မလိုလားဘူးဆိုတာ ပြသတာဖြစ်တယ်။ ကျွန်တော်က လုံခြုံရေးညီလာခံတက်ခဲ့တော့ အဲဒီမှာ ဘာသွားတွေ့ရသလဲဆိုရင် လက်တင် အမေရိကနိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေ၊ အာရှနိုင်ငံတွေ စုစည်းပြီးတော့မှ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ အမြင်တွေကို ဆွေးနွေးတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီမှာပါတဲ့ ညီလာခံရဲ့ ကဏ္ဍ တစ်ခုဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်များ အစည်းအဝေးမှာလည်း ကျွန်တော်ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ပါ တယ်။ အဲဒီမှာလည်း နိုင်ငံပေါင်း ၂၀၊ ၃၀ လောက်က ပညာရှင် ၃၀ လောက် စုစည်းပြီး အနာဂတ်မှာ ကြုံတွေ့လာနိုင်မဲ့ လုံခြုံရေးဆိုင်ရာ ပြသနာတွေကို ဆွေးနွေးခဲ့တော့ ကမ္ဘာကြီးမှာ အမေရိကန်ရဲ့ ခြိမ်း ခြောက်မှုကို မလိုလားတော့ဘူး။ အထူးသဖြင့် အမေရိကန်နဲ့ နေတိုးရဲ့ ဗိုလ်ကျစိုးမိုးမှုကို မလိုလား တော့ဘူး။ သူတို့အနေနဲ့ Multipolar World ကို သွားတော့မယ်ဆိုတဲ့ အနေအထားမျိုး ကမ္ဘာကို ပြသချင် တယ်လို့မြင်ပါတယ်”လို့ ဒေါက်တာနိုင်ဆွေဦးက ဆက်လက်သုံးသပ်ပါတယ်။
သေချာတာကတော့ မကြာခင်ကာလမှာ အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုတွေ၊ သူတို့သိစေချင်တဲ့ သတင်းတွေပဲ ကမ္ဘာကိုပေးသိပြီး မသိစေချင်တဲ့ သတင်းတွေကို ဖုံးကွယ်ထားဖို့ အမှားတွေရေးဖို့ မီဒီယာတွေကို ချုပ်ကိုင်ထားတာတွေ၊ နိုင်ငံငယ်လေးတွေကို စစ်ဖြစ်အောင်လုပ်ဆောင်ပြီး လက်နက် ရောင်းစားတာတွေ၊ ကျုးကျော်စစ်ဆင်နွှဲတာတွေ၊ ဒေါ်လာကို အသုံးချပြီး ငွေကြေးစစ်ပွဲဆင်နွှဲတာတွေ ဟာ တစ်ခန်းရပ်တော့မဲ့ အလားအလာ အများကြီးမြင်လာနေရပြီဆိုတာကို ရုရှားခရီးစဥ်မှာ သဘောပေါက်ခဲ့ရတယ်ဆိုတာပါပဲ။