၂၄. ၈. ၂၀၂၃
Written by Peya
မြန်မာနိုင်ငံက အချို့စီမံကိန်းအတော်များများကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက တရုတ်နိုင်ငံ CGTN သတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောကြားသည်။
မြန်မာနိုင်ငံက အမျိုးသားကဇာတ်ရုံကိုလည်း တရုတ်နိုင်ငံက ဆောင်ရွက်ပေးကာ သုဝဏ္ဏအားကစားကွင်းကိုလည်း တရုတ်နိုင်ငံက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လက်ရှိတွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အချို့စီမံကိန်း အတော်များများကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းနေကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
“ပြောရရင်တော့ အနုပညာ ဗဟိုဌာန (မန္တလေး) ဒါမျိုးတွေ၊ ပြီးတော့ ဝဇီရာ ရုပ်ရှင်ရုံပေါ့။ ဒါကို နိုင်ငံတော် အနေနဲ့ National Red-Carpet Theatre အဖြစ် သတ်မှတ်ပြီး ဒါကိုလည်း တရုတ်နိုင်ငံရဲ့ အထောက်အပံ့နဲ့ ပြုပြင်ဖို့ စီမံနေပါတယ်။ ပြီးတော့ ဖလင် ပိဋကတ်တိုက်တို့ စသည်ဖြင့်ပေါ့နော်၊ ယဉ်ကျေးမှုနဲ့ နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရေး အတွက်ကိုလည်း ဒါလေးလည်း ကမ်းလှမ်းထားတာ ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
နှစ်နိုင်ငံ ပြည်သူများသည် အိမ်နီးနားချင်းလည်းဖြစ်သည့်အတွက် နှစ်နိုင်ငံ ပြည်သူများ အမြင်ရှင်းလျှင် အစိုးရချင်းလည်း အမြင်ရှင်းမည် ဖြစ်ပြီး အိမ်နီးချင်းလည်း ဖြစ်သောကြောင့် အိမ်သာမှ ဧည့်လာမည် ဆိုခြင်းလည်း ရှိပြီး အိမ်နီးချင်းက အားနည်းမှု ရှိသည်ဆိုလျှင် အားသာသည့် အိမ်နီးချင်း နိုင်ငံက ကူညီရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
“ဒီလိုပါပဲ အိမ်နီးချင်း နိုင်ငံကြီးမှာ ပြဿနာ ဖြစ်တယ်ဆိုရင်လည်း ကျွန်တော်တို့ နိုင်ငံက အိမ်နီးနားချင်း ကူညီရမှာပေါ့” ဟု ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။