September 18, 2024

၂၄. ၈. ၂၀၂၃
Written by Pan Ei

အိန္ဒိယရဲ့ Chandrayaan-3 အာကာသယာဉ်ဟာ လပေါ်ကို ဆင်းသက်နိုင်ခဲ့ပြီး ခုလိုမျိုး စွမ်းဆောင်နိုင်ခဲ့တဲ့နိုင်ငံတွေထဲမှာ စတုတ္ထမြောက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီမစ်ရှင်ဟာ အိန္ဒိယနိုင်ငံကို အာကာသအတွင်း ကမ္ဘာ့စူပါပါဝါနိုင်ငံအဖြစ် ရပ်တည်စေနိုင်မှာဖြစ်ပြီး အရင်က အမေရိကန်၊ တရုတ်နဲ့ ဆိုဗီယက်နိုင်ငံတို့သာ လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

အိန္ဒိယ Chandrayaan-3 အာကာသယာဉ်ဟာ ဩဂုတ်လ ၅ ရက်က လရဲ့ပတ်လမ်းအတွင်းကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၃ ရက်မှာ လပေါ် ဆင်းသက်နိုင်ခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-08-24_10-59-18.jpg

Chandrayaan-3 ရဲ့ လကမ္ဘာပေါ် ဆင်းသက်တဲ့နေရာဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအနေနဲ့ အခြားအာကာသယာဉ်တွေထက် လရဲ့တောင်ဝင်ရိုးစွန်းနဲ့ ပိုမိုနီးကပ်ပြီး အဲ့ဒီတောင်ဝင်ရိုးစွန်းဒေသဟာ ရုရှား၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့လိုမျိုး Sapcefaring နိုင်ငံတွေအတွက် အဓိကျတဲ့ သိပ္ပံနည်းပညာပိုင်းနဲ့ မဟာဗျူဟာဆိုင်ရာအတွက် စိတ်ဝင်စားမှုအရှိဆုံး ဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာ ဖြစ်ပါတယ်။

BRICS ထိပ်သီးအစည်းအဝေးအတွက် တောင်အာဖရိကကိုရောက်ရှိနေတဲ့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက အာကာသယာဉ် ဆင်းသက်တာကို ကြည့်ရှုခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကတစ်ဆင့် ဂုဏ်ပြုမိန်းခွန်းပြောကြားခဲ့ကာ “အိန္ဒိယရဲ့ အောင်မြင်တဲ့ လမစ်ရှင်ဟာ အိန္ဒိယတစ်ခုတည်းတင် မဟုတ်ဘဲ ဒီအောင်မြင်မှုက လူသားအားလုံးနဲ့သက်ဆိုင်ပြီး အနာဂတ်မှာ တခြားနိုင်ငံတွေရဲ့ လမစ်ရှင်တွေကို ကူညီပေးပါလိမ့်မယ်။”လို့လည်း မိုဒီက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-24_10-59-18-2.jpg

အိန္ဒိယနိုင်ငံရဲ့ တောင်ဝင်ရိုးစွန်းအနီးမှာ အာကာသယာဉ်ကို ဆင်းသက်ဖို့ ကြိုးပမ်းမှုအောင်မြင်ခဲ့တာဟာ ရုရှားနိုင်ငံရဲ့ အာကာသယာဉ် လပေါ် ဆင်းသက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ရက်ပိုင်းအကြာမှာ ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

အိန္ဒိယ Chandrayaan-3 နဲ့ ယှဉ်ပြိုင်ပြီး မစ်ရှင်ထမ်းဆောင်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့Luna 25 အာကာသယာဉ်ကတော့ ဩဂုတ် ၁၉ ရက်က အင်ဂျင်တွေ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီး လပေါ်ကို ပျက်ကျခဲ့ရာ ရုရှားနိုင်ငံရဲ့ ၄၇ နှစ်အတွင်း ပထမဆုံး လပေါ်ဆင်းသက်ဖို့ ကြိုးပမ်းမှုကို အဆုံးသတ်ခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *