၂၃.၈.၂၀၂၃
Written by Peya
မနက်ဖြန်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်းနှင့် ပြိုင်ဘက် ဘာစီလိုနာလူငယ်အသင်းတို့ လေဆိပ်တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လာခဲ့သည့် ဓာတ်ပုံအရ သိရသည်။
U12 Junior World Challenge 2023 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ယနေ့ ဩဂုတ် ၂၃ ရက် နံနက်ပိုင်း (ဒေသစံတာ်ချိန်) ၈ နာရီ ၁၀ မိနစ် အချိန်က ဂျပန်နိုင်ငံ၊ နာရီဒါလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ကာ လေဆိပ်သို့ ရောက်လာသည့် ပြိုင်ဘက် ဘာစီလိုနာ လူငယ်အသင်းနှင့် တွေ့ခဲ့ခြင်းဖြစ်ပြီး ကစားသမား အချင်းချင်း စကားပြောခဲ့ကြကြောင်းလည်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စုအဖွင့် ပွဲစဥ်အဖြစ် ဩဂုတ် ၂၄ ရက် (ဒေသစံတော်ချိန် နံနက် ၁၀း၁၅ နာရီ၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂း၄၅ နာရီ)တွင် ဘာစီလိုနာအသင်း၊ အုပ်စုဒုတိယပွဲစဥ်အဖြစ် အဆိုပါနေ့ (ဒေသစံတော်ချိန် နံနက် ၁၂း ၃၀ နာရီ၊ မြန်မာစံတော်ချိန် ညနေ ၃း၀၀နာရီ) တွင် Daiwa House Dream လူငယ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ဩဂုတ်လ ၂၇ ရက် (ဒေသစံတော်ချိန် နံနက် ၁၀း၁၅ နာရီ၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂း၄၅ နာရီ)တွင် JEF United Chiba U-12 လူငယ်အသင်းများနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။