
ဓာတ်ပုံ - အမျိုးသား လူမှုကူညီရေးအသင်း (မြစ်ကြီးနား)
၂၃.၈.၂၀၂၃
Written by Hey Mar
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့လယ်ကုန်းရပ်ကွက်မှ ာလင်မယားချင်းစကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားနဲ့ရန်မူချိန် ချော်လဲကျပြီး ကိုယ့်ဓားနဲ့ကိုယ် ထိုးမိကာ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဩဂုတ်၂၁ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
ဖြစ်စဉ်ဟာ သြဂုတ် ၂၁ ရက် ည ၈ နာရီခွဲ အချိန်ခန့်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ ကိုနိုင်မိုးဆိုသူ အလုပ်ကအပြန် အရက်သောက်စားပြီး နေအိမ်ကိုပြန်လာချိန် ဆိုင်ကယ်ကို နေအိမ်အတွင်းထိ မောင်းဝင်လာတာကြောင့် ဇနီးဖြစ်သူက အိမ်ရှင်တွေမကြိုက်ကြောင်းပြောပြရာမှာ ဇနီးဖြစ်သူကို အိမ်ရှင်နဲ့ပေးစားဆဲဆိုတဲ့အတွက် စကားများရန်ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန် ခင်ပွန်းဖြစ်သူက ဆံပင်ဆွဲပြီး ဓားနဲ့ ထိုးဖို့ကြိုးစားတာကြောင့် ဇနီးက ဆောင့်တွန်းလိုက်လို့ ခင်ပွန်းဖြစ်သူ လဲကျသွားပြီး သူကိုင်ဆောင်ထားတဲ့ ဓားနဲ့ပြန်ထိုးမိတာကြောင့် အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဇနီးဖြစ်သူက ကနဦးထွက်ဆိုထားတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာက သေဆုံးသူအလောင်းကို ကြည့်ရှုစစ်ဆေးရာမှာ သေဆုံးသူဟာ ရင်ညွန့်နဲ့ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိရတာကြောင့် ဇနီးဖြစ်သူကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပြီး သေဆုံးသူအလောင်းကိုတော့ အမျိုးသားလူမှုကူညီရေးအသင်းကယာဉ်နဲ့ မြစ်ကြီးနားပြည်သူဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။