
တရုတ်နိုင်ငံဘေဂျင်းရှိ Tesla အရောင်းပြခန်းအား ယခုနှစ်အစောပိုင်းတွင်တွေ့မြင်ရစဉ်
၃.၁၀. ၂၀၂၂
Written By A Thaung
TESLA ကုမ္ပဏီအတွက် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့လယ်တွင်ရှိ ဈေးဝယ်စင်တာ၌ ဖွင့်လှစ်ထားသော နာမည်ကျော်အရောင်းပြခန်းကို နိုဝင်ဘာ ၂ ရက်က စတင်ပိတ်သိမ်းလိုက်သည်။
တရုတ်ပြည်တွင်းထုတ်လျှပ်စစ်ကားများ အောင်မြင်လာသည့်နည်းတူ TESLA အနေဖြင့် ၎င်းတို၏ လျှပ်စစ်ကားရောင်းချရေး မဟာဗျူဟာနှင့် ဝန်ဆောင်မှုများအား ပြန်လည်သုံးသပ်ရန်အတွက် ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ပိတ်သိမ်းလိုက်သည့်အရောင်းပြခန်းမှာ တရုတ်နိုင်ငံတွင် အထင်ကရအရောင်းပြခန်းဖြစ်ပြီး ဆက်စပ်ဖွင့်လှစ်ထားသည့် အပိုပစ္စည်းအရောင်းဆိုင်ကိုမူ အခြားကုန်တိုက်တစ်ခုသို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ပြောင်းရွှေ့ဖွင့်လှစ်လိုက်သည့် ပြခန်းမှာ မူလပြခန်းထက်သေးငယ်ပြီး ပြီးခဲ့သည့်အောက်တိုဘာလလယ်မှစတင်ကာ အရောင်းဝန်ဆောင်မှုများပြုလုပ်ခဲ့ကြောင်း Reuters ကဆိုထားသည်။
“ကျွန်တော်တို့နဲ့ သူ(TESLA company)တို့ရဲ့ စာချုပ်သက်တမ်းကုန်သွားလို့ TESLA က သက်တမ်းထပ်မတိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်” ဟု ကုန်တိုက်ဝန်ထမ်းတစ်ဦးက ပြောသည်။
ဘေဂျင်းစတိုးဆိုင်ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ၌ TESLA ၏ ပထမဆုံးသောအရောင်းပြခန်းကို ဖွင့်လှစ်ထားသဖြင့် လူသိများလာခဲ့ခြင်းကြောင့် ၂၀၁၈ တွင် စတိုးဆိုင်ရှိ အပေါ်အထပ်နှစ်ထပ်ကို တိုးချဲ့ခဲ့သည်။
TESLA သည် တရုတ်နိုင်ငံတွင် အရောင်းပြခန်းနှင့် အရောင်းစင်တာပေါင်း ၂၀၀ ကျော်ဖွင့်လှစ်ထားပြီး ထုတ်လုပ်ထားသည့် လျှပ်စစ်ကားမော်ဒယ်အားလုံးကို ရောင်းချလျှက်ရှိသည်။