October 18, 2024

၂၁. ၈. ၂၀၂၃
Written by Nay Aung

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သော မဏိပူရပြည်နယ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ မကြာမီပြန်ပို့သွားမည်ဖြစ်ကြောင်း မဏိပူရပြည်နယ် အကျဉ်းထောင်နှင့် နီးစပ်သောသတင်းအရင်းအမြစ်တစ်ခုက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံအခြေစိုက် Northeast Now သတင်းဌာနတွင် ဖော်ပြထားသည်။ ပြစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသားများနှင့် မဏိပူရပြည်နယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားများကို မကြာခင် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု အဆိုပါအကျဉ်းထောင်နှင့် နီးစပ်သောသတင်းအရင်းအမြစ်ကပြောသည်။

မဏိပူရပြည်နယ်အစိုးရသည် အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ စောစီးစွာပြန်ပို့ခွင့်ပေးရန် သြဂုတ် ၂၀ ရက်တွင် အိန္ဒိယဗဟိုအစိုးရထံ စာပို့တောင်းဆိုခဲ့ကြောင်း သိရသည်။ အင်ဖာဒေသအနောက်ပိုင်းရှိ မဏိပူရပြည်နယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ခံနေရသော မြန်မာနိုင်ငံသား ၁၂၁ ဦးရှိနေကြောင်း၊ မဏိပူရပြည်နယ်ပြည်ထဲရေးဝန်ကြီးဌာနနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

This image has an empty alt attribute; its file name is photo_2023-08-21_14-32-04.jpg

မဏိပူရပြည်နယ်တွင် ဖမ်းဆီးခံထားရသူအများစုသည် ခွင့်ပြုချက်မရှိဘဲ အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး စွဲချက်တင်ခံရကာ မဏိပူရပြည်နယ် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ကြောင်းသိရသည်။ မဏိပူရပြည်နယ်အစိုးရက တရားဝင်စာရွက်စာတမ်းမရှိဘဲ ပြည်နယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၂၂၀၀ ကျော်ရှိခဲ့ပြီး အများစုက ပြည်နယ်အတွင်းရှိ မတူညီသော ထိန်းသိမ်းရေးစခန်းများတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေကြောင်းသိရသည်။

မဏိပူရပြည်နယ်အစိုးရသည် ပြည်နယ်အတွင်းမေလက စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသို့ထွက်ပြေးခဲ့သော အိန္ဒိယလူမျိုး ၂၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် မဏိပူရပြည်နယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်လာခြင်းဖြစ်ကြောင်းသိရသည်။

Ref- — Northeast Now

Leave a Reply

Your email address will not be published. Required fields are marked *