October 18, 2024

၂၁. ၈. ၂၀၂၃
Written By Thandar

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ခင်ပွန်း ကိုတာတာမျိုးကွယ်လွန်ခြင်း (၂) နှစ်ပြည့်အနေနဲ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း ၆၁ ရပ်ကွက်ရှိ အိမ်ထောင်စု ၁၅၀ စာအတွက် စားသောက်ကုန်များလှူဒါန်းခဲ့ပါတယ်။

“တကယ်လိုအပ်နေတဲ့ စားသောက်ကုန်တွေ ကိုတာတာမျိုး အတွက် ရည်စူးလှူဖြစ်တာပါ။ ဒီနေ့လို နေ့မျိုးကို သားနဲ့ သမီးအမှတ်ရနေအောင်လို့ ခုလို သူ့အဖေအတွက် အလှူအတန်းတွေ ပြုဖြစ်တာပါ။ နန်းမြတ်အနေနဲ့ အများကြီးလည်းမပြောချင်ဘူး။ ပြောစရာကိစ္စလည်း မဟုတ်ဘူးလေ ကလေးတွေ သူ့အဖေကိုအမြဲတမ်း အမှတ်ရနေအောင်ပါ။ လှူဖြစ်တာပါ”လို့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-21_12-07-19-2-752x1024.jpg

အဆိုပါ အလှူကို ဇနီးဖြစ်သူ နန်းမြတ်ဖြိုးသင်းနဲ့ သားဂျက်ဂျက်၊ သမီးဂျူးဂျူးတို့က အိမ်ထောင်စု ၁၅၀ အတွက် ဆန်၊ မေသဇင်မင်း ပဲဆီသန့် ၊ ရွှေကျီးမုန့်က တစ်အိမ်ထောင်ကို ကျပ် ၂၀၀၀ ဖိုးနှုန်း၊ ငွေကြေးတချို့ အပါအဝင် စုစုပေါင်း ကျပ် သိန်း ၂၀ ဖိုးခန့် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *