October 18, 2024

၂၁. ၈. ၂၀၂၃
Written by Ye Kyaw

မြန်မာ-တရုတ် ကုန်သွယ်မှုတွင် GACC (General Administration of Customs of China) တွင် မှတ်ပုံတင်ထားသော သစ်သီးများ ခွင့်ပြုချက် အမြန်ရရှိနိုင်ရေးနှင့် နှစ်နိုင်ငံစိုက်ပျိုးရေးထွက်ကုန်ကုန်သွယ်မှု ပိုမိုတိုးမြင့်စေရေး ယူနန်ပြည်နယ်အထွေထွေ ကုန်သည်ကြီးများအသင်း (YPGCC) ဥက္ကဋ္ဌ Dr. Gao Feng နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း ဦးဆောင်သောတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း ဩဂုတ်လ ၂၁ ရက်တွင် UMFCCI မှ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို၌ ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကြီး မစတင်မီ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-21_13-00-15-1024x671.jpg

UMFCCI အနေဖြင့် တရားဝင်ပို့ကုန်ပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ဘဏ်စနစ် ယွမ်-ကျပ်ဖြင့် ငွေပေးချေမှုစနစ် လွယ်ကူမြန်ဆန်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိခြင်း၊ UMFCCI-YPGCC စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို နှစ်စဉ် နိုင်ငံအလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိခြင်းကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် နည်းပညာ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များတွင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ယူနန်ပြည်နယ် အထွေထွေ ကုန်သည်ကြီးများအသင်း (YPGCC) ဥက္ကဋ္ဌ Dr. Gao Feng နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“မိမိတို့နိုင်ငံအနေနဲ့ နိုင်ငံတကာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံများ ပြည့်စုံရေးအတွက် ကောင်းမွန်သည့် ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်မယ်” ဟု UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာ၊ ကုန်ကြမ်းတင်သွင်းရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်ငန်းများ လာရောက်လုပ်ကိုင်နိုင်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *