October 18, 2024

၂၁. ၈. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီပြည်နယ်၊ Maui ကျွန်း၌ ဩဂုတ်လ ၈ ရက်တွင် လောင်ကျွမ်းခဲ့သော တောမီးကြောင့် အနည်းဆုံးလူ ၁၁၄ ဦးသေဆုံးခဲ့ရပြီဖြစ်ပြီး တောမီးကြောင့် လုံးဝနီးပါး မီလောင်ပျက်စီးနေသော Lahaina မြို့အတွင်း၌လည်း တောမီးကြောင့် ပျောက်ဆုံးနေသူ ၁,၀၀၀ ခန့်ကို ရှာဖွေလျက်ရှိကြောင်း တာဝန်ရှိသူများက ဩဂုတ်လ ၂၀ ရက်တွင် ပြောကြားခဲ့ကြသည်။

တောမီးကြောင့် ပျောက်ဆုံးနေရသူများကိုရှာဖွေရေးနှင့် သေဆုံးသူများအား မည်သူမည်ဝါဖြစ်ကြောင်း ရွေးချယ်သတ်မှတ်ရေး ကိုဆောင်ရွက်ရန်မှာလည်း အလွန်နှေးကွေးလျက်ရှိပြီး သေဆုံးသူများအနက် ၁၀ ဦးကိုသာ မည်သူမည်ဝါဖော်ထုတ်နိုင်သေးကြောင်း သိရသည်။

ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူး ဂျို့ရှ်ဂရင်း က တောမီးကြောင့် Lahaina မြို့အတွင်း၌ အိမ်ခြေ အဆောက်အအုံ ၃,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ခြောက်ဘီလျံ တန်ဖိုးခန့်ရှိမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။

ဟာဝိုင်အီကျွန်းပေါ်၌ တောမီးအကြီးအကျယ်လောင်ကျွမ်းမှု အားတုံ့ပြန်ငြှိမ်းသတ်မှုအပေါ် စစ်ဆေးစိစစ်မှုများကို တာဝန်ရှိသူများက လုပ်ဆောင်လာခဲ့ကြပြီးနောက် Maui မြို့ အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ဩဂုတ်လ ၁၇ ရက်တွင် အလုပ်မှနုတ်ထွက်ခဲ့သည်။

Ref—–The Independent

Leave a Reply

Your email address will not be published. Required fields are marked *