October 18, 2024

၂၁. ၈. ၂၀၂၃
Written by Thuta Zaw

မြဝတီ – ကောကရိတ် အာရှလမ်း ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးပြန်လာသည့် ဘတ်ဟိုးတင်ယာဉ်ကို KNU၊ PDF များက RPG ဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်သည် ယမန်နေ့ ဩဂုတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်း ၁၁ နာရီအချိန်က မြဝတီ – ကော့ကရိတ် အာရှလမ်း၊ ကွင်းကလေး အကျော်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရကာ လူသေဆုံးမှုမရှိကြောင်းလည်း သိရသည်။

“သိရသလောက်က အာရှလမ်းပိုင်းမှာ မြေသားလမ်းပြိုတာတွေ ရှိတာလေ။ အဲ့ဒါကို လုပ်ပြီး ပြန်လာတဲ့ ကားက အပစ်ခံရတာ။ ကားရဲ့ ညာခြမ်းထိသွားတယ်။ တိုက်ပွဲ ဖြစ်တယ်တော့ မကြားမိဘူး။ ပစ်ပြေး သဘောမျိုး ဖြစ်မယ်” ဟု မြဝတီမြို့တွင် နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ လမ်းမကြီးတွင် ယခင်က တိုက်ပွဲအချို့ ရှိခဲ့ပြီး မကြာသေးမီ ကာလက မိုးသည်ထန်စွာ ရွာပြီး မြေပြိုသည့်အတွက် လမ်းပျက်စီးခဲ့ရာတွင်လည်း ပြုပြင်ဆောင်ရွက်နေသည့်အဖွဲ့ကို လာရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *