October 18, 2024

၂၁. ၈. ၂၀၂၃
Written By Thandar

တေးရေးတေးဆို သရုပ်ဆောင် ဟန်ထူးဈာန်ကတော့ ဂီတပိုင်းနဲ့ပတ်သက်ရင် အနုပညာကို ချစ်တဲ့စိတ်တစ်ခုကြောင့် Own Tune တေးသီချင်းတွေဆိုဖြစ်သလို “ကိုယ်လာရင်ကြိုမှာလား”သီချင်းကို ပြန်ဆိုတော့ လိုင်းကြောင်သွားတာလားဆိုပြီးပြောခံရတယ်လို့ ရင်ဖွင့်လာပါတယ်။

“ကိုဗစ်မတိုင်ခင်ထဲက ဝယ်ထားတဲ့ သီချင်းတွေ နှစ်နည်းနည်းကြာသွားတော့ ခုနောက်ပိုင်းပြန်ဆိုတေးတွေ ဆိုပြီးတင်ဖြစ်တယ်။ ပရိသတ်တချို့က ဟန်ထူးဈာန် ပြန်ဆိုတေးတွေပဲ ဆိုနေတယ် ထင်ကြတယ်။ ကိုယ်တိုင်ရေး သီချင်းသစ်တွေထွက်ဖို့ ဖန်တီးနေပါတယ်။ “ကိုယ်လာရင်ကြိုမှာလား”သီချင်းကိုပြန်ဆိုတော့ လိုင်းကြောင်သွားတာလားဆိုပြီး ပြောခံရတယ်။ တကယ်တော့ ကျွန်တော်က အနုပညာအကုန်လုံးကိုချစ်တာ စိတ်ထဲရှိတဲ့အတိုင်း ကျွန်တော်ဖန်တီးနေဦးမှာပါ။ မြန်မာမှုဘက်ကိုပြန်သွားတာကို လိုင်းကြောင်တယ် ထင်ကြတယ်။ အနုပညာတစ်ခုထဲကို လက်ထပ်ထားတယ်ဆိုတာ မရှိဘူး။ Pop၊ Rock လည်းချစ်တယ်”လို့ တေးရေး တေးဆို သရုပ်ဆောင် ဟန်ထူးဈာန် က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-21_08-50-39-2-1024x1024.jpg

သူ့ဟာ ပြန်ဆိုတေး သီချင်းခွေနဲ့ ကိုယ်တိုင်ရေး Own Tune သီချင်းတစ်ခွေထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ လေးဖြူ၊ မျိုးကြီး၊ အငဲ တို့ ခေတ်ထဲကလည်း ပြန်ဆိုတေးတချို့ကို သီဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟန်ထူးဈာန်က သီချင်းမထွက်ခဲ့တာ နှစ်နဲ့ချီကြာခဲ့ပြီဖြစ်ကာ မကြာခင်မှာ သီချင်းနည်းနည်းရှည်ရှည်လေး တစ်ခုထွက်ဖို့ ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ သူဟာ မှော်ပလ္လင် ဇာတ်လမ်းတွဲတွေအပြင် လက်ရှိ ပိုး ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးပုံဖော်နေတာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-21_08-50-38-780x1024.jpg

“ပြန်ဆိုတေးသီဆိုရင်တော့ ဝေဖန်မှုကတော့ ရှိနေမှာပဲလေ။ ပြန်ဆိုတေးအတွက် ဝါရင့်အနုပညာရှင် အဆိုရှင်တွေ လက်ဆင့်ကမ်းပေးရမှာပါ။ ပရိသတ်ကလည်း ကိုယ့်ကြိုက်တဲ့ အနုပညာရှင် ဖန်တီးမှုကို နားဆင်နိုင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *