October 18, 2024

၂၀.၈.၂၀၂၃

Written By Thandar

SAMSUNG ရဲ့ နောက်ဆုံးထွက် ဖုန်းအသစ် Galaxy Z Fold5 / Z Flip5 တို့ရဲ့ Consumer Launch Event ပွဲကိုအနုပညာရှင်တွေဖြစ်တဲ့ နေထွဋ်၊ ချာလီ၊ ဒီး တို့နဲ့အတူ မိတ်ဆက်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Junction City Promotion Area မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် Vlog အနေနဲ့ အိုနေပြီ၊ သီချင်း ရိုက်ကူးရေးအမှတ်တရရှိပါတယ်။ Samsung ဖုန်း One Shot လေးအရမ်းလည်းပေါက်ခဲ့တယ်။ အမှတ်တရတွေ အများကြီးပါပဲ။ Home Made Version လုပ်တာမို့ နေထွဋ်နဲ့အတူ အိုနေပြီ ဖန်တီးဖြစ်တယ်။ကျွန်တော် နှစ်ယောက် မန္တလေးကို ပွဲတစ်ခုသွားရင် ခင်သွားကြတယ်။ ၂နှစ်ကျော် ပေါင်းဖြစ်လာတယ် တစ်ယောက်နဲ့ တစ်ယောက် အလုက်လုပ်ရတာလည်း Chemistry မိတယ်။ သူလည်း သီချင်းဝါသနာပါသလို ကျွန်တော်လည်း သီချင်းဝါသနာပါတယ် နှစ်ယောက်သား ဂီတပိုင်းတွေ ဖန်တီးဖြစ်လာခဲ့တာပါ”လို့မော်ဒယ်လ် သရုပ်ဆောင် ချာလီက MT News ကိုပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ နေထွဋ်နဲ့ ချာလီတို့က တေးသီချင်းတွေ ဖျော်ဖြေပြီး ပရိသတ်နဲ့အတူ ဂိမ်း‌တွေဆော့ကစားခဲ့ကြပါတယ်။ Samsung ရဲ့ Galaxy Z Flip5 / Z Fold5 ဝယ်သူ‌တွေ အတွက် Flip Suit Case , Clear Gadget Cover နဲ့ BTS Cover Card နဲ့ Yangoods Mini Bag လက်ဆောင်လေးတွေ ပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *