October 18, 2024

၂၀.၈.၂၀၂၃
Translated by Htwe Ko Tun

ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် က သြဂုတ်လ ၂၂ ရက်တွင် မိမိထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း၊ဤတစ်ကြိမ်တွင် ထပ်မံရွှေ့ဆိုင်းမှု လုံးဝပြုမည်မဟုတ်ဘဲသေချာကြောင်း ပြောခဲ့ပြီးတဲ့နောက်မှာ အဆိုပါသတင်းက ထိုင်းနိုင်ငံတစ်ဝန်း ဂယက်ရိုက်သွားခဲ့တယ်လို့ ဆိုရမှာပါ။ အမှုလေးမှုနဲ့ တရားစွဲခံထားရတာအတွက် သက်ဆင် ကို ဘယ်လိုလုပ်မှာလဲ တစ်ပြိုင်ထဲ မေးမြန်းလာကြတာနဲ့အတူ အချို့သောသတင်းအရင်းအမြစ်များမှ သတင်းအချို့ထွက်ပေါ်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနတို့မှ အရာရှိတွေကတော့ သူတို့အနေနဲ့ သက်ဆင်ပြန်လာချိန်မှာ သြဂုတ်လ ၂၂ ရက်ကျရင် သူ့အနေနဲ့ ဒွန်မောင်း လေဆိပ်မှာ လေယာဉ်ပေါ်ကဆင်းတာနဲ့ ဖမ်းဆီးမှာဖြစ်ကြောင်းပြောခဲ့ကြပါတယ်။ သူတို့က သက်ဆင်ရောက်ရှိလာခြင်းက တရားရုံးဖွင့်လှစ်စစ်ဆေးချိန်အတွင်းမဟုတ်ရင် အရေးပေါ်စီမံချက်တစ်ရပ်ပြုလုပ်သွားမယ်ဆိုပါတယ်။ တကယ်လို့ တရားရုံးဖွင့်လှစ်ချိန်အတွင်း ပြန်ရောက်ခဲ့ရင် သူ့ကိုအကျဉ်းဦးစီးဌာနအရာရှိတွေက ဘန်ကောက်မြို့ Remand Prison အကျဉ်းထောင်ကိုခေါ်မသွားမီ တရားရုံးချုပ်သို့ ဦးစွာခေါ်ဆောင်သွားမယ်လို့ပြောကြပါတယ်။ သက်ဆင်ကို နောက်နေ့နံနက်မှာ တရားရုံးချုပ်သို့ဦးစွာမခေါ်မီ ဦးစွာတစ်ည ဖမ်းဆီးချုပ်နှောင်ထားအုံးမယ်လို့လည်းဆိုပါတယ်။

သတင်းအရင်းအမြစ်တွေက သက်ဆင်ကို လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးရဲအဖွဲ့ကဖမ်းပြီး ဒွန်မောင်းရဲစခန်းကိုခေါ်သွားမှာလို့လည်း ဆိုပါတယ်။ ပြီးတော့မှ တရားရုံးချုပ်ကိုလွှဲပြောင်းပေးမှာဖြစ်တယ်လို့ ထိုသတင်းက ဆိုထားပါတယ်။

သက်ဆင်ရဲ့ အငယ်ဆုံးသမီး ပေတုံတန် ရှီနာဝါထကတော့ သူက ဖခင်ဖြစ်သူကို သြဂုတ်လ ၂၂ ရက် နံနက် ၉း၀၀ နာရီကျရင် ဒွန်မောင်းလေဆိပ်ကဆီးကြိုတွေ့ဆုံမှာဖြစ်တယ်လို့ အင်စတာဂရမ် လူမှုကွန်ရက်မှာ သြဂုတ်လ ၁၉ ရက်က ရေးခဲ့ပါတယ်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့ Remand Prison အကျဉ်းထောင်ကို ခေါ်သွားပြီးနောက် သက်ဆင် ဟာ အကျဉ်းသားတစ်ယောက်အဖြစ် မှတ်တမ်းတင်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ သက်ဆင် ဟာ ၁၀ ရက်ခန့် သီးသန့်အကျဉ်းသားတစ်ဦးအဖြစ်တော့နေရမှာဖြစ်တယ်လို့ သူကဆက်ပြောခဲ့ပါတယ်။

သက်ဆင်အနေနဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်တာနဲ့လည်းအညီ အကျဉ်းထောင်ဆရာဝန်တွေက သေချာစွာစောင့်ရှောက်ကုသပေးရန် အခြေအနေရှိမရှိ ဆုံးဖြတ်ကြမှာပါ။ တကယ်လို့ သက်ဆင်မှာ နာတာရှည်ရောဂါမျိုး ခံစားနေရရင် သူ့ကိုအကျဉ်းထောင်ဆေးရုံမှာပဲ ချုပ်နှောင်မှု ပြုသင့် မသင့်ကိုလည်း ဆရာဝန်တွေက ဆုံးဖြတ်ကြမယ်လို့ ဆိုပါတယ်။

သက်ဆင်ကို ဖမ်းဆီးအကျဉ်းချထားမှုရဲ့ အစောပိုင်းရက်တွေမှာအနီးကပ်မိသားစုဆွေမျိုးများသာ လာရောက်တွေ့ဆုံခွင့်ပေးဖို့လည်း ထောင်ပိုင်တွေက ဆုံးဖြတ်ကြမှာလို့ဆိုပါတယ်။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ သြဂုတ်လ ၂၂ ရက်မှာ သက်ဆင် တကယ်တန်း ထိုင်းနိုင်ငံကိုပြန်ရောက်မှပဲ သိကြမှာပါ။

Ref—-Nation Thailand

.

Leave a Reply

Your email address will not be published. Required fields are marked *