October 18, 2024

၂၀.၈.၂၀၂၃
Written by Pan Ei

ပြီးခဲ့တဲ့ ငါးနှစ်ကျော်လောက်စပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးလာခဲ့တဲ့ Meme များစွာရဲ့ ပိုင်ရှင် ခွေးလေး Cheems ဟာ ဩဂုတ်လ ၁၈ ရက်က ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ ရှုံးနိမ့်ခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့ပိုင်ရှင်တွေက ဆိုရှယ်မီဒီယာကနေတဆင့် ဖော်ပြခဲ့ကြပါတယ်။

လူများစွာရဲ့ အချစ်တော်ခွေးလေး Cheems ဟာ Shiba Inu မျိုးရိုးဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၁၂ နှစ် အရွယ်ရှိပြီဖြစ်ကာ မသေဆုံးခင် လအနည်းငယ်အကြာက သူ့မှာ ပန်ကရိယကင်ဆာရောဂါရှိနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိပြီးနောက် ကင်ဆာရောဂါဒဏ်ကို ခံစားခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

Cheems ရဲ့ နာမကျန်းမှုကြောင့် ဈေးကုသစရိတ်အတွက် ရန်ပုံငွေရှာဖို့ သူ့ရဲ့ကျော်ကြားလှတဲ့ခွေးရုပ်ပုံပါရှိတဲ့ထုတ်ကုန်တွေကို ဝက်ဘ်ဆိုဒ်ကတစ်ဆင့်ရောင်းချခဲ့ပြီး အခုအခါ ခွေးလေးကွယ်လွန်သွားပြီးနောက် အဲ့ဒီကနေရရှိခဲ့တဲ့ ငွေတွေကို ဒေသခံတိရစ္ဆာန်ပရဟိတအဖွဲ့တွေမှာ ထောက်ပံ့လှူဒါန်းဖို့အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ခွေးလေး Cheems ပိုင်ရှင် ဖော်ပြခဲ့တဲ့ နှုတ်ဆက်စာမှာတော့ သူ့ရဲ့ ပရိသတ်တွေကို ဝမ်းနည်းမနေဖို့နဲ့ Cheems ကို ရွှင်လန်းစွာနဲ့ သတိရပေးကြဖို့ တောင်းဆိုထားပါတယ်။

Ref; Marca

Leave a Reply

Your email address will not be published. Required fields are marked *