October 18, 2024

၁၉. ၈. ၂၀၂၃
Written By Thandar

အဆွေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ တေး သံရှင် ကေကေမိုးကတော့ “ငါ့ရဲ့ ကမ္ဘာ” သီချင်းကို ကျော်ထက်ဇော်နဲ့အတူ နည်းနည်း ချစ်ရေးချစ်ရာဆန်ပြီး ကြည်နူးဖို့ကောင်းတဲ့ ပုံစံလေး ရိုက်ထားပါတယ်လို့ ဆိုပါတယ်။

“ငါ့ရဲ့ ကမ္ဘာ သီချင်းလေးကတော့ အပျော်ဘက်လေး သွားထားတဲ့ သီချင်းလေးပါ။ ကေကေကို ပရိသတ်တွေက အဆွေးသီချင်းတွေနဲ့ ပိုသိကြတယ်၊ ပိုကြိုက်ကြတယ်ဆိုပေမယ့် ကေကေ ဒီသီချင်းလေးကို အပျော်ဘက်သွားတဲ့ ပုံစံလေး သီဆိုထားပါတယ်။ ကေကေ ဒီသီချင်းမှာ နည်းနည်း စိတ်ကူးယဉ်ဆန်ပြီး ကြည်နူးဖို့ကောင်းတဲ့ ပုံစံလေး ရိုက်ထားပါတယ်။ မောင်လေး ကျော်ထက်ဇော်နဲ့ သီချင်းသစ်မှာ စိတ်ခံစားချက် မိမိလေးနဲ့ စိတ်ကူးယဉ်ဆန်ထားတယ်။ ပရိသတ်တွေ သီချင်းလေးထွက်လာရင် စောင့်ကြည့်ပေးပါဦးလို့ ပြောချင်ပါတယ်”လို့ တေးသံရှင် ကေကေမိုးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-19_10-51-00-2.jpg

သူမရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်သီချင်းခွေထဲက သီချင်းလေးကို Single Song အနေနဲ့ ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။ အဆိုပါ တေးသီချင်းကို တေးရေး Daniel Saw က ရေးသားပေးထားပြီး ဒါရိုက်တာ Kina က ရိုက်ကူးကာ သရုပ်ဆောင် ကျော်ထက်ဇော်နဲ့အတူ ကေကေမိုးက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မကြာခင် “ငါ့ရဲ့ ကမ္ဘာ” သီချင်းသစ်လေး ထွက်လာမှာဖြစ်ပါတယ်။

“တကယ်တော့ သရုပ်ဆောင်တဲ့ အချိန်မှာ အဓိကရှက်လို့မရဘူး။ အစပိုင်း ရိုက်တော့ ရှက်နေတာ သိပ်အဆင်မပြေခဲ့ဘူး။ ချစ်ရေးချစ်ရာဆန်ဆန် သရုပ်ဆောင်ရတဲ့အခန်းတွေက သိပ်မလွယ်ဘူးလေ။ မောင်လေးကလည်း လက်တွဲပြီး စိတ်ခံစားချက်ဝင်အောင် ကူညီပေးပါတယ်။ နှစ်ယောက်သား နဖူးတွေ၊ ပါးတွေ နမ်းတဲ့အခန်းလေးတွေ ပါပါတယ်။ ချစ်သူနှစ်ယောက် ကြည်နူးပြီး ချစ်ကြတဲ့ သီချင်းလေးပါ။ ပရိသတ်အကြိုက် အဆွေးသီချင်းတွေ သီဆိုရင် ပရိသတ်တွေ ရိုးအီသွားမှာဆိုးလို့ နည်းနည်း ချစ်စရာကောင်းတဲ့ အပျော်ပုံစံလေး ထွက်ဖို့လုပ်ဖြစ်တာပါ”လို့ သူမက ဆက်ပြောါတယ်။

This image has an empty alt attribute; its file name is photo_2023-08-19_10-51-00-1024x682.jpg

တေးသံရှင် ကေကေမိုးက ပရိသတ်အကြိုက်နဲ့ ကိုယ့်အကြိုက် သီချင်းတွေကို မျှတအောင် ဖန်တီးပြီး ပြင်ဆင်နေသလို မကြာခင်မှာလည်း အဆွေးသီချင်းပုံစံ တစ်ပုဒ်ထပ်ထွက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *