October 18, 2024

၁၈.၈.၂၀၂၃

Written By Thandar

သရုပ်ဆောင် မိုးယံဇွန်က လူမြင်ကွင်းမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အတွက် ပြန်မတောင်းပန်ရင် တရားစွဲသွားမယ်လို့ ချောစုစုအောင်က ပရိသတ်တွေ သိအောင် ပြောလာပါတယ်။

“သူနဲ့စတွဲထဲက အဆင်ပြေလိုက် မပြေလိုက်ပါပဲ။ ပထမစတွဲတွဲချင်း တစ်နှစ်မှာတော့ အဆင်ပြေပေမယ့် နောက်နှစ်တွေမှာ  သူက တစ်ခုခုဖြစ်ပြီဆိုရင် ချောကို အမြဲတမ်း လက်ပါတယ်။ ရိုက်တယ်။ သူငယ်ချင်းနဲ့ အပြင်သွားတဲ့အတွက် ချောကိုဆံပင်တွေ ဆွဲတယ်၊ အမြဲတမ်းဆောင့်ကန်ခံရတယ်။ ဆေးခန်းတွေ ရောက်တာလည်း မနည်းဘူး၊အရိုးဆေးတွေလည်း သောက်ရတယ်။ သူ့ သူငယ်ချင်း ဆေးခန်းမှာပဲ ချော ကို ပြပေးခဲ့တယ်။ ဒီလိုပဲ နှစ်ယောက်ရန်ဖြစ်တယ်ဆိုပြီး ဆေးခန်း ရောက်ခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းခဲ့ဘူး။ အဲ့လိုလုပ်ပြီးရင် အရမ်းချစ်လို့ လုပ်တာပါဆိုပြီး ပြန်တောင်းပန်တတ်တယ်။ အဲလိုနဲ့ ချော နေလာခဲ့တာ ဒီအချိန်ထိရောက်လာတာပါ။ အရင် ပြဿနာတတ်တိုင်း လက်ပါပေမယ့် သူငယ်ချင်းတွေရှေ့မှာ မပြောခဲ့ဘူး။ ခုက လူမြင်ကွင်းမှာ ဆွဲထိုး လည်ပင်းညှစ်တာဖြစ်လို့ မခံနိုင်လို့၊ ခုလို Live လွှင့်လိုက်ရတာပါ။ လူမြင်ကွင်းမှာ လက်ပါတဲ့အတွက် ချောကို ပြန်တောင်းပန်တာလိုချင်တယ်။ချော ကို နောက်ထပ် အရှက်မခွဲအောင် နောက်ထပ်ရိုက်နက်မှု မလုပ်အောင် သူ့ကို ဝန်ခံထိုးခိုင်းပါမယ်ရှင့် ။ သူ့အဲလို မလုပ်ပေးနိုင်ဘူးဆိုရင် သူ့ကို ချော တရားစွဲပါမယ်ရှင့်။ တရားစွဲဖို့ ရှေ့နေတွေနဲ့လည်း တိုင်ပင်ထားပါတယ်”လို့ ချောစုစုအောင်က ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_3249-718x1024.jpeg

သူမကတော့ မိုးယံဇွန်နဲ့ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက် မှာထဲက ပြဿနာတက်ပြီး အဆက်အသွယ်တွေ ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ကြားရက်တွေထဲမှာ ဖုန်းတွေ ဆက်သွယ်နေတယ်လို့လည်း ဆိုပါတယ်။ ချောစုစုအောင်က မိုးယံဇွန် နဲ့ ပတ်သက်ခဲ့တာဆိုရင် ၃ နှစ်နဲ့ ၂ လရှိပြီလို့ဆိုပါတယ်။ မိုးယံဇွန်က အရင် ပြဿနာတက်တိုင်း လက်ပါတတ်တာကို သူငယ်ချင်းတွေကိုတောင် သူမကမပြောပြခဲ့ဘူးလို့ဆိုပါတယ်။

“မနေ့ကညကတော့ ချော သူငယ်ချင်း မွေးနေ့ရှိလို့ Bar ကို သွားတယ် ။ သူငယ်ချင်းတွေနဲ့ ထိုင်နေချိန်မှာ ဘာမပြောညာမပြောနဲ့ ချော ဆီရောက်လာတယ်။ အပြင်ထွက်လာဖို့ ပြောတယ် အပြင်သွားတော့ စကားများတယ်ပေါ့။စကားများပြီး ပထမဦးဆုံး  ချော ကို လည်ပင်းညှစ်တယ်။ ပထမဆုံး နင်နဲ့ပြောစရာ စကားမရှိဘူး၊ ငါနား ထပ်မလာနဲ့ လိုက်မလာနဲ့ပြောတဲ့အချိန်မှာ ထိုးလိုက်တာပေါ့။ သူ့ သူငယ်ချင်းတွေ ရောက်လာတယ် သူ့ကိုချုပ်ထားလည်းမရဘူး။ ချောကို လှမ်းလုပ်တယ်။ ချော ဆီ ရောက်လာရင် ချော ကို တစ်ခုခုလုပ်မယ်ဆိုတာသိလို့ ချော Video ရိုက်ထားတာတွေ ရှိပါတယ်”လို့ သူမက ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_3253-647x1024.jpeg

ဩဂုတ်လ ၁၇ ရက်ညပိုင်းက ရန်ဖြစ်ခဲ့ပေမယ့် သူ့ဘက် ဒီနေ့ဒီအချိန်ထိ ဆက်သွယ်လာတာ မရှိပါဘူး။ ချော ကလူမြင်ကွင်းမှာပြန်တောင်းပန်စေချင်တယ်လို့လည်း ဆိုပါတယ်။ သူမအပြင်သွားရင် တခြားသူတွေနဲ့ သဝန်တိုရာကနေ ရန်ဖြစ်ကြတာလို့လည်းဆိုပါတယ်။ ၂၀၂၁ ခုနှစ်အချိန်တွေထဲက ရိုက်နက်ပေမယ့် ချစ်တဲ့စိတ်တစ်ခုကြောင့်သည်းခံနေခဲ့ပြီး ခုနောက်ပိုင်း သည်းမခံနိုင်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *