October 18, 2024

ဓာတ်ပုံ- သင်္ကန်းညီနောင် ပရဟိတအဖွဲ့

၁၈.၈.၂၀၂၃
Written by Hey Mar

မြဝတီ-ကော့ကရိတ် တောင်ပေါ်လမ်းဟောင်းမှာ ခရီးသည်တင် အံစာတုံးယာဥ်နှစ်စီး တစ်စီးနဲ့တစ်စီး တိမ်းရှောင်ကျော်တက်စဥ် တစ်စီးချောက်အတွင်းထိုးကျခဲ့ပြီး ကျန်တစ်စီးမှာ တိမ်းမှောက်မှု ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သင်္ကန်းညီနောင် ပရဟိတအဖွဲ့ကနေ သိရပါတယ်။

အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ချောက်အတွင်းထိုးကျတဲ့ကားက ယာဥ်မောင်းထိခိုက်မှုရှိခဲ့ပြီး လတ်တလောမှာ ကားလမ်းပိတ်ဆို့နေတယ်လို့ သိရပါတယ်။ မြဝတီ အာရှမလမ်းကြီးမှာ မိုးရွာသွန်းမှုနဲ့ မြေပြိုကျမှုတွေကြောင့် လမ်းပျက်စီးမှု အခြေအနေတွေ ဖြစ်ပေါ်နေပြီး ခရီးသည်တင်ယာဥ်ငယ်တွေက လမ်းဟောင်းကို ပြန်လည်အသုံးပြု မောင်းနှင်သွားလာနေကြတာလည်း ဖြစ်ပါတယ်။

တောင်ပေါ်လမ်းဟောင်းက လမ်းကျဥ်းပြီး အကွေ့အကောက်များတဲ့အပြင် ချောက်မှာနက်ရှိုင်းမတ်စောက်တဲ့အတွက် ယာဥ်မောင်းတွေအနေနဲ့ အလျင်စလို မမောင်းကြရန်လည်း ပရဟိတအသင်းအဖွဲ့က အကြံပြုတိုက်တွန်းထားပြီး လတ်တလောမှာတော့ ယာဥ်မတော်တဆမှု ဖြစ်စဥ်နေရာကို သွားရောက်ကူညီနေကြပြီဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးဘူးလို့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *