October 18, 2024

၁၈. ၈. ၂၀၂၃
Written by Nay Aung

နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ အကျဉ်းထောင်များနှင့်ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်လွတ်မြောက်လာသော မြန်မာနိုင်ငံသား ၁,၄၈၇ ဦးကို မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်ရရန် ကူညီပေးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အကျဉ်းထောင်နှင့် ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်လွတ်မြောက်လာသော မြန်မာနိုင်ငံသားများသည် ခရီးစရိတ်ကြီးမြင့်ခြင်းအပြင် လုံခြုံရေးအခြေအနေများကြောင့် မိသားစုထံပြန်ရန် အခက်အခဲများရှိနေခဲ့ကြောင်း ICRC အဖွဲ့က ပြောသည်။

ICRC က ၎င်းတို့အဖွဲ့ဝင်များသည် အကျဉ်းထောင်များမှပြန်လည်လွတ်မြောက်လာသော မြန်မာနိုင်ငံသားနှင့်တွေ့ဆုံဆွေး နွေးခဲ့ပြီး ခရီးစရိတ်များ ကူညီထောက်ပံ့ပေးသည့်အပြင် လိုအပ်သောသတင်းအချက်အလက်များ၊ အစားအစာနှင့် ယာယီနေထိုင်စရာများ ကူညီပေးခဲ့ကြောင်း ပြောသည်။

ICRC ၏အကူညီကို လက်ခံရရှိခဲ့သော ဦးသိန်းက “ကျွန်တော်ဟာ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ပြန်လည်လွတ် မြောက်လာခဲ့ပြီးနောက် ICRC ရဲ့အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခံရတယ်။ ကျွန်တော်ရဲ့ဇာတိကို ကားနဲ့မပြန်ခင် ရန်ကုန်မြို့မှာ ခုနစ်ရက်ကြာ quarantined ဝင်ခဲ့ရတယ်။ အဲဒီနောက် ဇာတိကျေးရွာကို ကား၊ ဆိုင်ကယ်၊ လှေစီးပြီးပြန်ခဲ့ရတယ်” ဟုပြောသည်။

ICRC အနေဖြင့် အကျဉ်းထောင်များကို သွားရောက်ခွင့် ဆိုင်းငံ့ခံထားရသော်လည်း အကျဉ်းသားများနှင့် ၎င်းတို့မိသားစုများကို ကူညီထောက်ပံ့ပေးမှုအချို့လုပ်ဆောင်ခဲ့ကြောင်း၊ အကျဉ်းသား၏မိသားစုများကို အကျဉ်းသားနှင့်သွားရောက်တွေ့ဆုံနိုင်ရန်ကူညီပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအခြေစိုက် (ICRC) ၏ ဘေးကင်းစွာဖြင့် အိမ်ကိုပြန်နိုင်ရေး အစီအစဉ်အရ အကျဉ်းထောင်မှ ပြန်လည်လွတ် မြောက်လာသော မြန်မာနိုင်ငံသားများကို မိသားစုနှင့်ပြန်လည်ပေါင်းစည်းနိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref- — ICRC

Leave a Reply

Your email address will not be published. Required fields are marked *