October 18, 2024

၁၈.၈.၂၀၂၃
Written By Thandar

ဖေဖေ အာကာစိုး မေမေ ဗီဗာဟိန်းတို့ရဲ့ သားဦးလေး ဗိုလ်ဗီဗာဟိန်း တစ်နှစ်ပြည့် မွေးနေ့အလှူကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရွှေဟင်္သာတိုက်သစ်ကျောင်းမှာ ကျင်းပခဲ့ပါတယ်။

“ဗီဗာလို သားသားကို အဆိုတော်ဖြစ်စေချင်ပါတယ်။ တချို့က မေမေနဲ့တူသလို ဖေဖေနဲ့တူတာတွေလည်း ရှိတယ်။ သားသားက ဖေဖေကို ပိုကပ်တာများတယ်။ သားသားက ကြော်ငြာတွေလာရင် အရမ်းသဘောကျတယ်။ ယောက်ျားလေးမို့ သန်လည်းသန်တယ် မနည်းထိန်းရတယ်။ သားသားက ၃၅ ပေါင်ရှိတော့ ဗီဗာအကြာကြီး မချီနိုင်ဘူး။ ဗီဗာရဲ့ ဖေဖေ၊ မေမေ၊ ကိုကြီးတို့ ဆုံးတာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ကုသိုလ်တွေ ပြုသမျှ ထပ်တူရပါတယ် ဆုတောင်းပါတယ်” လို့ တေးသံရှင် ဗီဗာဟိန်းက ပြောပါတယ်။

အဆိုပါအခမ်းအနားမှာတော့ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဆရာတော်ဆီက တရားတော်နာယူပြီးတော့ ဝါဆိုသင်္ဃန်းကပ်ခြင်း၊ ကျောင်းတိုက်ရှိ သံဃာတော် ၆၁ ပါးကို နေ့ဆွမ်း၊ ဝတ္ထုငွေ ဆပ်ကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။ သားလေး ဗိုလ်ဗီဗာဟိန်းလေး ကြီးလာရင် ဖြစ်ချင်တာတွေ ပါရမီဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။

“သားသားက ဗီဗာတို့ ဖေဖေ၊ မေမေ၊ ကိုကြီး တစ်ယောက်ယောက် ပြန်ဝင်စားလာတယ်လို့ ထင်မိတယ်။ နှစ်တွေ ဘယ် လောက်ကြာကြာ ဗီဗာရဲ့ကွယ်လွန်သွားတဲ့ မိဘတွေကို သတိရနေတုန်းပါပဲ။ ဗီဗာစိတ်ဆင်းရဲ ဒုက္ခရောက်နေချိန်မှာ အကောင်းဆုံး စောက်ရှောက်ပေးလို့ ခင်ပွန်းကို အရမ်းလည်းချစ်ပါတယ်။ ဗီဗာက တကယ်ဆိုရင် သမီးလေးတစ်ယောက်လောက်တော့ ထပ်လိုချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *