October 18, 2024

၁၇. ၈. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အတွင်း ကြမ်းတမ်းသောလူတစ်ယောက်၏ပုံကဲ့သို့ ဗိမ္မာန်တစ်ခု၌ ထုလုပ်ထားသော Khru Kai Kaeo နတ်ဘုရားထံ အိမ်မွေးတိရစ္ဆာန်များကို ယဇ်ပူ‌ဇော်မှုပြုကြခြင်းအတွက် တိရစ္ဆာန် Watchdog Thailand Foundation (WDT) က ထိုသို့ပြုလုပ်သူများအနေဖြင့် တရားစွဲခံရဖွယ်ရှိကြောင်း သတိပေးပြောကြားခဲ့သည်။

အဆိုပါနတ်ဘုရားထံ လာရောက်ပူဇော်သူများက ကြောင်များ၊ ခွေးများနှင့် ယုန်များအပါအဝင် အိမ်မွေးတိရစ္ဆာန်များအား ယဇ်ပူဇော်ရန် အသုံးပြုလာကြခြင်းကို ဆန့်ကျင်သည့် အိမ်မွေးတိရစ္ဆာန်ချစ်မြတ်နိုးသူများ၏ စိုးရိမ်မှုများ တိုးပွားလာနေပြီးနောက် အဆိုပါ သတိပေးချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

WDT ဖောင်ဒေးရှင်းက Huai Khwang လမ်းဆုံရှိ Ganesha ဗိမ္မာန်တွင်ရှိသော အဆိုပါ လူတစ်ဝက်၊ ဒဏ္ဍာရီလာဌက်ရုပ်ပုံတစ်ဝက်ထုလုပ်ထားသည့် နတ်ရုပ်ကို ယုံကြည်သူများအနေနှင့် အိမ်မွေးတိရစ္ဆာန်များအား ထိုနတ်ရုပ်သို့ ယဇ်ပူ‌ဇော်ရန်အန္တရာယ်ပြုသင့်၊ မပြုသင့် သေချာစွာစဉ်းစားသင့်ကြောင်း လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ထိုင်းနိုင်ငံတွင် တိရစ္ဆာန်များအား ရည်ရွယ်ချက်ရှိရှိဖြင့် တမင်သ-တ်ဖြတ်ညှင်းဆဲခြင်းက တိရစ္ဆာန် ညှင်းပန်းမှုဥပဒေကို ချိုးဖောက်ရာရောက်ပြီး ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *