October 18, 2024

၁၇. ၈. ၂၀၂၃
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ မကြာသေးမီရက်ပိုင်းအတွင်းက ထူးထူးဆန်းဆန်း ငါးတစ်ကောင် ကောင်းကင်ကနေ ထရန်စဖော်မာပေါ်ကို ပြုတ်ကျပြီးနောက် ထရန်စဖော်မာပျက်စီးသွားခဲ့ကာ Sayreville ဒေသ တစ်ခုလုံး နာရီပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လိုသိရပါတယ်။

အဲ့ဒီငါး ပြုတ်ကျလာပုံကတော့ ငှက်တစ်ကောင်ကနေ ငါးကိုချီလာရာက လမ်းမှာပြုတ်ကျကျန်ခဲ့တာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ထရန်စဖော်မာပျက်စီးစေခဲ့တဲ့ ငါးပုံလေးကိုပါ Sayreville ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါသေးတယ်။

ငါးချီလာတဲ့ ငှက်ကိုတော့ “ပင်လယ်သိမ်းငှက်” လို့ လူသိများတဲ့ Ospery ငှက်ဖြစ်မယ်လို့ ယူဆထားကြပြီး အဲ့ဒီ သံသယရှိတဲ့ငှက်ဟာ တောင်ဘက်ကို ပျံသန်းနေတာကို နောက်ဆုံးတွေ့ခဲ့ရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

တစ်မြို့လုံး လျှပ်စစ်မီး အတန်ကြာ ပြတ်တောက်ခဲ့ရတဲ့ ဖြစ်စဉ်အပေါ် သံသယရှိတဲ့ငှက်ရုပ်ပုံလွှာနဲ့ သေဆုံးနေတဲ့ ငါးတို့ရဲ့ မှုခင်းမြင်ကွင်းဓာတ်ပုံတို့ အပါအဝင် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး နောက်ဆက်တွဲသတင်းကို ရဲဌာနက Facebook မှာတင်ခဲ့ပြီး တိရစ္ဆာန်တွေရဲ့ အမျိုးမျိုးသော အနှောင့်အယှက်ပေးမှုတွေကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နိုင်တယ်လို့လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဖော်ပြခဲ့ကြပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *