October 18, 2024

ဓာတ်ပုံ - ပွဲတော်ဖြစ်မြောက်ရေးကော်မတီ

၁၇. ၈. ၂၀၂၃
Written by Hey Mar

သုံးနှစ်ကြာ ရပ်နားထားခဲ့တဲ့ မိတ္ထီလာမြို့ရဲ့ သမိုင်းဝင် ကရဝိတ်ဖောင်တော်ဦး စေတီတော်မြတ်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အခု ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ အရင်ကအတိုင်းစည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပသွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးထံကနေ သိရပါတယ် ။

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မြို့မ(၄)ရပ်ကွက်နယ်မြေရှိ သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီတော်မြတ်ကြီးရဲ့ အကြိမ်(၁၄၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမယ့် စက်တင်ဘာလ (၂၂) ရက်ကနေ အောက်တိုဘာ(၁)ရက်ထိပြန်လည်ကျင်းပမှာပါ ။

ကရဝိတ်ဖောင်တော်ဦးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၁၉ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့ပြီး ကိုဗစ်ကပ်ရောဂါကာလနဲ့ နိုင်ငံရေးအပြောင်းအလဲကာလတွေမှာ နားထားခဲ့ရတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-17_14-21-38.jpg

နှစ်စဥ် တော်သလင်းလဆန်း(၈)ရက်၊နံနက်(၆)နာရီအချိန်မှာ ကရဝိတ်ဖောင်တော်ဦး စေတီတော်မြတ်နဲ့ ရုပ်ပွားတော်တို့ကို ဆွမ်း ပန်း ရေချမ်းသစ်သီးဘောဇဥ် စတဲ့ လှူဖွယ်ဝတ္တုတွေ ဆက်ကပ် လှူဒါန်းပြီး၊ ဗုဒ္ဓဘိသေကအနေကဇာတင်မဂ်လာအခမ်းအနားကို ကျင်းပလေ့ရှိသလိုတော်သလင်းလဆန်း(၁၅)ရက် (လပြည့်နေ့)နံနက်(၈)နာရီအချိန်မှာတော့ ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်(၁၀၈)ပါးတို့ကို အာရုဏ်ဆွမ်းကပ်လှူခြင်း၊ ဆွမ်းသပိတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖောင်တော်ဦးစေတီတော်မြတ်ကြီးရဲ့ အမှတ်သညာ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကြီးကိုလည်း တော်သလင်းလဆန်း(၁၁)ရက်ကနေ လပြည့်နေ့ထိ ယခင်နှစ်တွေလို ပြိုင်ပွဲဝင်အသင်းတွေက ပါဝင်ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ပွဲတော်ရက်အတွင်း စျေးဆိုင်တွေ ကလေးကစားကွင်းတွေ အပါအဝင်အခြားပျော်ပွဲရွှင်ပွဲတွေနဲ့ ပွဲတော် ပြန်လည်စတင်တဲ့ အချိန်အခါမှာ စည်ကားသိုက်မြိုက်အောင် ဝိုင်းဝန်းပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပွဲတော်ဖြစ်မြောက်ရေးကော်မတီ

Leave a Reply

Your email address will not be published. Required fields are marked *