October 18, 2024

၁၇. ၈. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ရဟန်းတော်တစ်ပါး ကားတိုက်ခံရ၍ ပျံလွန်တော်မူခဲ့ကြောင်း အဆိုပါ မြို့နယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ သိရှိ အချက်အလက်များကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်း ၈ နာရီ အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံအနီး ရှိ ဖိုက်စတားမှတ်တိုက်ရှေ့တွင်ဖြစ်ပြီး YBS 35 ယာဉ်က တိုက်မိ၍ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကာ ကနဦးသိရချက်များအရ သံဃာတော်မှာဆွမ်းခံကြွခြင်း ဖြစ်ကြောင်း သိရသည်။

“တက်ကြိတ်မိသွားတာ ကျိန်းသေတယ်။ ဆရာတော်က သက်တော် ၅၀ လောက် ရှိတယ်။ ဝါတော်က ၉ ဝါတဲ့။ မှော်ဘီ ဘက်ကလို့ ပြောတယ်” ဟု အထက်ပါ ပရဟိတအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ကားရှေ့က ဖြတ်စဉ် ကားသမားက မမြင်သည့်အတွက် တိုက်မိသွားခြင်း ဖြစ်သည်ဟု ကနဦး သိရကြောင်းနှင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း သိရကာ ကားဘီးဖြင့် ကြိတ်မိသွားကြောင်းလည်း ၎င်းက ဆိုသည်။

“သပိတ်တွေကော ပါတယ်။ ဆွမ်းခံကြွလာတာလို့ ပြောရမယ်ထင်တယ်” ဟု လည်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *