October 18, 2024

၁၇. ၈. ၂၀၂၃
Written By Thandar

ရုပ်ရှင်ဇာတ်ကားတချို့မှာ ပါဝင်သရုပ်ဆောင်ခွင့်ရလာတဲ့ သရုပ်ဆောင် မင်းပိုင်ကတော့ ရုပ်ရှင်လောကထဲကို အနေအထားချောင်ရုံ ပေါ်ပင်နာမည်ကြီးချင်ရုံနဲ့ ဝင်ရောက်လာတာ မဟုတ်ပါဘူးလို့ MT News ကို ရင်ဖွင့်လာပါတယ်။

“ကိုကျော်ထက်အောင်ကတော့ ရှေ့မှာ ဇာတ်ကားသုံးလေးကားလောက် အတူ သရုပ်ဆောင်ထားတယ်။ ကျွန်တော်အတွက် တကယ်လေးစားရတဲ့ အကိုတစ်ယောက်ပါ။ ကျွန်တော်ကနောက်ပိုင်းက Drum Player တစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ကျွန်တော့်အနေနဲ့ ရုပ်ရှင်လောကထဲကို အနေအထား ချောင်ရုံ၊ ပေါ်ပင်နာမည်ကြီးချင်ရုံနဲ့ ဝင်ရောက်လာတာမဟုတ်ပါဘူး။ ခုခေတ်မကောင်းတဲ့ချိန်မှ ဒီလောကထဲကိုဝင်တာ မဟုတ်ပါဘူး။ ကိုကျော်ထက်အောင် Myanmar Idol စတင်ထဲက ‘သူငယ်’ ရုပ်ရှင်ကားအစထဲက နိုင်ငံတော်အခြေအနေကောင်းနေတဲ့ အချိန်ထဲက တွဲရိုက်ကူးပြီး ပါလာခဲ့တာပါ။ ကိုယ်ပိုင် ခံယူချက်လည်း ရှိပါတယ်။ တစ်နေ့မှာ ကိုကျော်ထက်အောင် လိုမျိုး သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ နောက်တက်လာမယ့်သရုပ်ဆောင်တွေကို လက်တွဲခေါ်နိုင်သူ ဖြစ်ချင်ပါတယ်။ ဒီအတွက် ကျွန်တော့်ရှေ့က စီနီယာတွေကလည်း ကျွန်တော့်ကို လက်တွဲခေါ် ပေးကြလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မင်းပိုင်က MT News ကိုပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-17_11-08-12-2-1024x1024.jpg

သူဟာ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာ မင်းဦး ရိုက်ကူးထားတဲ့ ချူဆီ ၊ ကိုယ်ပွား ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။ သရုပ်ဆောင် မင်းပိုင်က အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ‘သူငယ်’ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး လက်ရှိ ဂန္တဝင်အငြိုး၊ ကြယ် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

“ကိုကျော်ထက်အောင်ကတော့ ရုပ်ရှင်ပိုင်းမှာရော ဇာတ်လမ်းတွဲပိုင်းမှာ သူက ဆရာကြီးဖြစ်သွားပြီ တော်တော်ကြီးကို တတ်မြောက်ကျွမ်းကျင်သွားပြီလို့ ပြောလို့ရတယ်။ သူကတော့ လက်ရှိ Star တစ်ယောက်နေရာကိုရနေပြီလို့ ပြောလို့ရတယ်။ အနုပညာစန်း ဆိုတာက ပြောလို့မရပါဘူး။ တချို့က အသက်ငယ်ငယ်လေး အောင်မြင်ကြတာ ရှိတယ်။ တချို့က အသက်အရွယ် တစ်ခုရောက်မှ နေရာတစ်ခုရလာပြီး ပရိသတ်သတိထားမိတာရှိတယ်။ ကျွန်တော်အနေနဲ့ သရုပ်ဆောင်ပိုင်းမှာ အားသွန်ခွန်စိုက် နေရာတစ်ခုရလာအောင် ကြိုးစားသွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *