October 18, 2024

ဓာတ်ပုံ- စီးပွားကူးသန်းဝန်ကြီးဌာန

၁၇. ၈. ၂၀၂၃
Written by Ye Kyaw

အရေးကြီးသည့် ပုပ်သိုးလွယ်ပစ္စည်းများဖြစ်သည့် ပို့ကုန်ပစ္စည်း၊ ငရုတ်သီးစိမ်း၊ ရေထွက်ပစ္စည်း၊ ကွမ်းသီးတို့ကို မြဝတီ-ကော့ကရိတ်လမ်းဟောင်း ဒေါနတောင်မှတစ်ဆင့် ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်း သယ်ဆောင်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်းကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၇ ရက်တွင် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လမ်းပိုင်းအချို့ ပျက်စီးမှုများရှိခဲ့ပြီး ပြင်ဆင်ဆောင်ရွက်နေရသည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြဝတီကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန် လိုင်စင်ရရှိထားသော လုပ်ငန်းရှင်များ မြန်မာ-ထိုင်း မည့်သည့်နယ်စပ်ပေါက်မှမဆို တင်ပို့လိုပါက စခန်းပေါက် ပြောင်းခွင့်ပြုပေးမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is photo_2023-08-17_12-41-28.jpg

လက်ရှိတွင် ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဩဂုတ်လ ၈ ရက်မှစ၍ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုများ ဆောင်ရွက်မှုတွင် ပြောင်း၊ ငရုတ်၊ ကြက်သွန်နှင့် အခြားကုန်ပစ္စည်းများကို အများဆုံးတင်ပို့နေရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ Parking Materials၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်းများ၊ ငါးဖမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှကုန်သွယ်မှုများဆောင်ရွက်ရာတွင် ငွေဈေးနှုန်းအနေဖြင့် ယခင်အပတ်တွင် ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် ၉၆ ဒသမ ၁၅ ကျပ်သာရှိပြီး ယခုအပတ်၌ တစ်ဘတ်လျှင် ၉၉ ကျပ်ကျော် ဖြစ်နေသဖြင့် ဘတ်ဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ပထမလေးလကျော်တွင် မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၆၃၀ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၆၀ ကျော်လျော့ကျနေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဓာတ်ပုံ- စီးပွားကူးသန်းဝန်ကြီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *