၁၅.၈.၂၀၂၃
Written By Min Mahar
မြင်းခြံမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် ဆိုင်ကယ်ကယ်ရီမောင်းသမားတစ်ဦးအား PDF ငါးဦးက သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်သွားမှု ယမန်နေ့ညပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များ ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၁၅ ရက်နေ့) မနက် ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံရွာသားများမှ သက်ဆိုင်ရာသို့ အကြောင်းကြားလာသောကြောင့်သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်ပြီး ဆိုင်ကယ် ကယ်ရီမောင်းနေသော အသက် ၅၃ နှစ် အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်နေ့) ည ၉ နာရီခန့်က အင်တာနက်လိုင်းချိတ်ရန်အတွက် ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ညောင်ပင်သာ-သင်ပြွန်း ကျေးရွာချင်း ဆက်လမ်းသို့ သွားရောက်ခဲ့စဉ် PDF အဖွဲ့မှ လူငယ်ငါးဦးသည် ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် ကယ်ရီသမားတွင် ဝဲနောက်ကျောကနေ ဖောက်ဝင်ပြီးတော့ ဝဲဘက်ရင်ဘတ်သို့ ပြန်လည်ဖောက်ထွက်သွားသည့် ဒဏ်ရာတစ်ချက်၊ လည်ဂုတ်ကိုလည်း ဖောက်ဝင်သွားသောဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး ဖြစ်စဉ်နေရာအနီးမှ ၅ ဒသမ ၅၆ ကျည်ခွံ ၂ ခုအား သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် သေဆုံးသူ၏အလောင်းအား ယနေ့ မနက် ၉ နာရီတွင် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။