၁၅.၈.၂၀၂၃
Written By Min Mahar
မြင်းမူမြို့နယ်၊ ဆိပ်သာကျေးရွာရှိ စာသင်ကျောင်းအတွင်းနေထိုင်ကြသော PDF အဖွဲ့များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်းရာ အလောင်း နှစ်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်ဆည်းရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်တွင် PDF အလောင်းနှစ်လောင်း၊ လက်လုပ်သေနတ်အတို တစ်လက်၊ လက်လုပ်သေနတ်အရှည် ၁၉ လက်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၃ ရက် မွန်းလွဲပိုင်းကလည်း ရွှေဘိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နေထိုင်နေကြသော PDF အဖွဲ့များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းရာတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။