၁၄. ၈. ၂၀၂၃
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေး ဆက်လက်ကျဆင်းနေသော်လည်း ဒေါ်လာဈေး ကျပ် ၃,၆၀၀ ကျော်နေသဖြင့် ပြည်တွင်းရွှေဈေး ကျပ် ၃၇ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာခြင်းမရှိဘဲ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၃၀,၀၀၀ အထိဖြစ်ပေါ်ခဲ့သည်။
ဩဂုတ်လ ၁၄ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ၁,၉၁၄ ဒေါ်လာသာရှိပြီး တစ်ပတ်အတွင်း ဒေါ်လာ ၂၀ ကျဆင်းခဲ့သော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ရောင်းဈေး ကျပ် ၃,၆၃၀ နှင့် ဝယ်ဈေး ကျပ် ၃,၆၀၀ အထိမြင့်တက်နေသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျပ် ၃၇ သိန်းအောက်သို့ ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၇၃၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၂၀,၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ဒေါ်လာနှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄,၃၀၀ အထိ မြင့်တက်ခဲ့စဉ် ပြည်တွင်းရွှေဈေးနှုန်းသည် အမြင့်ဆုံးအဖြစ် ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ် ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၆၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၆၀ ကျပ်၊ ဩဂုတ်လ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၆၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၄၀ ကျပ်၊ ဩဂုတ်လ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၆၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၆၀ ကျပ်၊ ဩဂုတ်လ ၁၂ ရက်တွင် ရွှေဈေးနှုန်း ၃,၆၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၂၀ ကျပ်၊ ဩဂုတ်လ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၂၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။