
၁၃. ၈. ၂၀၂၃
Written By Thandar
ပရိသတ်အချစ်တော် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် က သူမရဲ့ အသက်၃၅နှစ်ပြည့် မွေးနေဖြစ်တဲ့ ဩဂုတ်လ ၁၁ ရက်မှာ ကုသိုလ်တွေပြုရင်း ဖြတ်သန်းဖြစ်တယ်လို့ဆိုပါတယ်။
“ချစ်ခင်ရတဲ့သူတွေနဲ့ လှုဒါန်းကုသိုလ်တွေပြုရင်းဖြတ်သန်းခဲ့တဲ့ မွေးနေ့အမှတ်တရလေးပါ။ ဘုန်းဘုန်းတွေကို တနေ့တာ ဆွမ်းအလှူ၊ စတုဒီသာအလှူနဲ့ ကစ်အရင် တစ်ခေါက်ကသွားလှူရင်းနောက်တခေါက်ပြန်လာမယ်လို့ ပြောခဲ့တဲ့ မျိုးဆက်သစ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာလေးကိုလည်း မွေးနေ့အမှတ်တရအဖြစ် ထပ်မံသွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်”လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပရိသတ်သိအောင်ပြောလာပါတယ်။
သူမကတော့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာဆရာတော်ဘုရားဆီမှာ တစ်နေ့တာဆွမ်းအလှူ၊ သင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုတို့နဲ့ စတုဒိသာ အလှူအတန်းတွေ စတာတွေကုသိုလ် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မွေးနေ့ကိတ်ကိုလည်း ချစ်ရတဲ့ Fans တွေနဲ့အတူ ခွဲခဲ့ပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။
“အရမ်းချစ်ဖို့ကောင်းတဲ့ သူတို့လေးတွေက ဒီနေ့ surprise လာလုပ်ကြတာတဲ့ ပြောမပြတတ်အောင်ပျော်ရပါတယ်။ ဒီနေ့ချစ်သောတွေနဲ့ ကစ်နဲ့အတူ မွေးနေ့အလှူလုပ်ခဲ့တဲ့ video လေးကို လာဖြစ်တဲ့ Kit Fan Club တွေရော မလာဖြစ်တဲ့ We Love တွေရော အတူတူအပျော်လေးတွေမျှဝေခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်နော်။ Forever love you all “လို့ သူမကဆက်ပြောထားပါတယ်။
မွေးနေ့အတွက် သတိတရ ချစ်ခင်သောစိတ်ဖြင့် မွေးနေ့ဆုတောင်းပေးကြတဲ့သူ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်လို့လည်း ပြောလာပါတယ်။









