၁၂. ၈. ၂၀၂၃
Written by Peya
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့က ဖမ်းမိသည့် ဘင်္ဂါလီ ၁၅၀ နီးပါးအတွင်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်လာ ရောက်သူများလည်း ပါဝင်နေသည့်အတွက် ဖမ်းဆီးရမိသူအားလုံးကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာနှင့် ကလိန်ပဒေါကျေးရွာက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ၆ ဘီး မော်တော်ယာဉ် ၃ စီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ တရားမဝင် ဘင်္ဂါလီ ကျား ၁၂၇ ဦး၊ မ ၁၈ ဦးကို တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
“ယာဉ်မောင်းတွေကလည်း လူငယ်တွေပါပဲ။ အကုန်လုံးကို စစ်ဆေးနေတယ်။ ဘင်္ဂလားဒေ့ရှ်က လာတဲ့ တရားမဝင် ဘင်္ဂါလီတွေလည်း ပါတယ်လေ။ သူတို့ကိုလည်း စစ်နေတယ်။ လက်ရှိမှာ စစ်ဆေးနေဆဲ အခြေအနေလို့ သိရတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖမ်းမိသူများထဲတွင် ပြည်တွင်းမှ တရားမဝင်ဘင်္ဂါလီ ၁၈ နှစ်အထက် ကျား၂၉ ဦး၊ မ ၄ ဦး၊ ၁၈ နှစ်အောက် ကျား ၆၅ ဦး၊ မ ၁၂ ဦး၊ ၁၀ နှစ်နှင့် ၁၀ နှစ်အောက် ကျား ၅ ဦး၊ မ ၂ ဦး အပြင် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်ဘင်္ဂါလီ ၁၈ နှစ်အထက် ကျား ၁၃ ဦး၊ ၁၈ နှစ်အောက် ကျား ၁၅ ဦး တို့ ဖြင်ကာ ပြည်တွင်းမှ တရားမဝင် ဘင်္ဂါလီများနှင့် ပြည်ပမှ ခိုးဝင်သူများကို သက်ဆိုင်ရာ ပုဒ်မ အသီးသီးဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။