၁၁. ၈. ၂၀၂၃
Written By Thandar
၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ် ရာသီသစ်ကြိုဆိုပွဲ ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ဝင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာတော့ SKYNET မှ ထုတ်လွှင့်ပြသပေးနေတဲ့ Channel တွေရဲ့ Activity တွေ၊ အရောင်းခန်းမတွေ၊ ပျော်ရွှင်ဖွယ် ဂိမ်းရှိုးအစီအစဉ်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ဆုမဲလက်ဆောင်တွေလည်း ပေးခဲ့ကြပါတယ်။
“ကျွန်တော်တို့ SKYNET ရုပ်သံလိုင်းအနေနဲ့ ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေကို (၁၁) နှစ်ဆက်တိုက် မြန်မာနိုင်ငံမှာ တရားဝင်မူပိုင်ထုတ်လွှင့် ပြသခွင့်ရတဲ့အပေါ်မှာ တေးဂီတဖျော်ဖြေပွဲတွေကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ပွဲအကြိုအနေနဲ့ ပွဲကြိုသုံးသပ်ချက်တွေ ပွဲလေးတွေလုပ်ထားပါတယ်။ ပရီးမီးယားကို ၁၁ နှစ်ဆက်တိုက် ထုတ်လွှင့်ခွင့်ရလို့ပရိသတ်အတွက် ဖျော်ဖြေပွဲတွေမှာ လုပ်ပေးတာပါ။ သာဒီးလူ၊ ဖြိုးမြတ်အောင်၊ သားငယ်၊ နီနီခင်ဇော် အစရှိတဲ့နိုင်ငံကျော်အဆိုတော်တွေနဲ့ ဖျော်ဖြေတင်ဆက်ပေးဖို့ ရှိတယ်”လို့ Skynet Sports Department General Manager ကိုသစ္စာက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ညနေ ၆ နာရီကနေ ည ၁၀ နာရီကျော်အထိ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့သာဒီးလူ၊ဖြိုးမြတ်အောင်၊ သားငယ်၊ နီနီခင်ဇော် အစရှိတဲ့သူတွေရဲ့ တစ်ဦးကို တေးသီချင်း ငါးပုဒ်ကျော် သီဆိုဖျော်ဖြေမှုတွေကို MNTV Channel၊ Skynet Sports တွေမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။
ဩဂုတ် ၁၂ရက်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီခွဲမှာတော့ Burnley Vs Manchester City အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ တစ်ရာသီလုံးမှာ ပွဲစဉ်ပေါင်း ၃၈၀ အထိ SkyNet ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာ ဖြစ်တယ်လို့သိရပါတယ်။