၁၁. ၈. ၂၀၂၃
Written by Hey Mar
စစ်ကိုင်းမြို့၊ မိုးဇာရပ်မှာ ခင်ပွန်းက ဇနီးသည်ကို သ-တ်ပြီး ရွှေထည်ပစ္စည်းတွေ ယူဆောင်ထွက်ပြေးတဲ့ ဖြစ်စဥ်တစ်ခု ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အိုးဘို ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်မှာ အသက် ၇၁ နှစ်ရှိ ဇနီးသည်ကို အသက် ၄၅ နှစ်အရွယ် ခင်ပွန်းက လည်ပင်း ရင်ဘတ်တွေကို ဓါးနဲ့ ၁၃ ချက် ထိုးသ-တ်ကာ ရွှေထည်နဲ့ ငွေသားတွေ ယူဆောင်ထွက်ပြေးဖို့ ကြံစည်တာလို့ သက်ဆိုင်ရာ ရဲတပ်ဖွဲနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ် ။
“သေဆုံးသူက အသက် ၇၁ နှစ်ရှိပြီ။ သူ့ယောကျာ်းကပဲ သ-တ်သွားတာ။ သူက အသက် ၆၇ နှစ်မှအခု သူ့ကိုသ-တ်တဲ့ ယောကျာ်းနဲ့ယူလိုက်တာ။ အရင်က တစ်ကိုယ်တည်းနေတဲ့ အပျိုကြီး။ သူ့ယောကျာ်းက သားသမီးတွေလဲ ရှိတယ်။ သ-တ်တဲ့နေ့ ညနေကတည်းက ထွက်ပြေးဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့ ပိတ်ဆို့ရှာဖွေဖမ်းဆီးလို့ ဖမ်းမိတယ်” လို့ အဆိုပါ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက MT News ကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူကို စစ်ကိုင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၃၉၄ အရ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားပြီး၊ အသ-တ်ခံရတဲ့ အသက်(၇၁)နှစ်အရွယ် အမျိုးသမီးရဲ့ နာရေးကို မနေ့က သြဂုတ် ၁၀ရက် နေ့လည် ၃ နာရီအချိန်မှာ အိုးဘိုပရဟိတအသင်းအဖွဲ့တွေနဲ့ စစ်ကိုင်းဆေးရုံ ရင်ခွဲရုံကနေ ရွှေသမားသုသာန်ကို ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ် ။